နောင်တရား မေ ၈
မိုးဦးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါနှင့် အခြားကူးစက်တတ်သောရောဂါများ မဖြစ်ပွားစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ ရပ်ကွက်အတွင်းရှိ နေအိမ်များ၌ အဘိတ်ဆေးခပ်ခြင်းကို ဌာနဆိုင်ရာအဖွဲ့များနှင့် ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်သည်။
နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအယ်လ်အောင်ဒင်မှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကျန်းမာရေးဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရန်အတွက် နေအိမ်များအတွင်းရှိ ရေတွင်းရေကန်များ၌ အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး ရေတင်နိုင်သည့်နေရာများကို ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပန်းအိုး၊ ရေတွင်း၊ ရေကန်၊ ရေမြောင်း၊ ရေစည်၊ အမှိုက်ကန်များတွင် ပိုးလောက်လန်းများ မရှိစေရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)