Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ချီးမြှင့်
May 07,2024
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး တက်ရောက်ချီးမြှင့်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်တွင် သောက်သုံးရေရှားပါးကျေးရွာများသို့ သောက်သုံးရေလှူဒါန်း
May 07,2024
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် သောက်သုံးရေရှားပါးသည့် ကျေးရွာများသို့ သောက်သုံးရေများပြတ်လပ်မှုမဖြစ်ပေါ်စေရေးအတွက် သောက်သုံးရေများ သွားရောက်လှူဒါန်းခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်လင်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ မေလ (၇) ရက်နေ့က ကွမ်သဲကျေးရွာနှင့် ဘိုးနက်ကျေးရွာတို့တွင် သောက်သုံးရေ (၆၄၀၀) ဂါလန် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေး
May 07,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မွေးကင်းစအရွယ်မှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမ၌ ယနေ့နံနက် ၁၀ နာရီမှ ၁၂ နာရီအချိန်အထိ ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှ သနပ်ပင်မြို့နယ်အတွင်း ပညာရေးနှင့်အမျိုးသမီးများဖွံ့ဖြိုးရေးကိစ္စရပ်များ ကွင်းဆင်းဆောင်ရွက်
May 07,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် အ.ထ.က(သနပ်ပင်)ကျောင်း၌ ၂၀၂၄ ခုနှစ်၊ နွေရာသီအင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြပြီး သင်ကြားရေးဆရာမများနှင့် ကျောင်းသား/သူများအတွက် ထောက်ပံ့ငွေနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ် သစ်တောဦးစီးဌာနမှ ကျောင်းသူ/သားများအား ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာများ အသိပညာပေးဟောပြော
May 07,2024
နွေရာသီကျောင်းပိတ်ရက်ကာလများအတွင်း ကျောင်းသူ/သားများအနေဖြင့် သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲများ၊ ရာသီဥတုပြောင်းလဲမှုများနှင့် သစ်ပင်သစ်တောများ၏ အကျိုးကျေးဇူးအကြောင်းအရာများကို သိရှိနားလည်တတ်စေရန်နှင့် ဗလငါးတန်နှင့်ဘက်စုံ ဖွံ့ဖြိုးပြည့်စုံသော အနာဂတ်လူရွယ်လူငယ်များ ပေါ်ထွန်းလာစေရန်…စသည့် ရည်ရွယ်ချက်များဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်သစ်တောဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေး မှူးရုံး အစည်းအဝေးခန်းမအတွင်း သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာများ အသိပညာပေးဟောပြောပွဲပြုလုပ်ပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့၌ အသက် ၁၀ နှစ်အထက် ပြည်သူများအား အီလက်ထရောနစ် စနစ်ဖြင့် ကိုယ်ရေးအချက်အလက်နှင့် ဇီဝအချက်အလက်များ ကောက်ယူစိစစ်မှတ်ပုံတင်၍ UID စာရွက်ထုတ်ပေး
May 07,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ရုံးဖွင့်ချိန်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးရုံးတွင် အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဖြင့် မြို့နယ်အတွင်းနေထိုင်သူများမှ အသက် ၁၀ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားရှိသူများကို အီလက်ထရောစနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ၊ ဇီဝအချက်အလက်များတို့ကို ဆက်လက်ကောက်ယူမှတ်ပုံတင်၍ UID (Unique Identity Number) စာရွက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သနပ်ပင်မြို့နယ်၌ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် (၂၀၂၄ ခုနှစ်)အထိမ်းအမှတ် ကလေးများအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအခမ်းအနား ကျင်းပ
May 07,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄ ခုနှစ်)အထိမ်းအမှတ် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြင်းခြံမြို့နယ်မှ လူရည်ချွန် မောင်/မယ်များနှင့် တွေ့ဆုံမေးမြန်းခြင်း
May 07,2024
နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရေန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဟူသော ဦးတည်ချက်ကို အောင်မြင်စေရန် အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ လူရည်ချွန်မောင်/မယ်များကို စနစ်တကျဖြင့် အောင်မြင်စွာ ရွေးချယ်ဆောင်ရွက်သည့် လူရည်ချွန် စီမံကိန်းလုပ်ငန်းစဉ် တစ်ရပ်လည်း ပါဝင်ပါသည်။ လူရည်ချွန် စီမံကိန်းဆောင်ရွက်ရာတွင် ဉာဏ်ပညာထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တ ကောင်းမွန်သည့် ထူးချွန်ထက်မြက်သော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန်၊ ပညာရေးလက်တွေ့ဖွံ့ဖြိုးမှု လုပ်ငန်းများတွင် ပိုမိုစိတ်ပါဝင်စားလာပြီး နိုင်ငံ့အကျိုးပြု လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်နိုင်စေသည့် နိုင်ငံ့သားကောင်းများ ပေါ်ပေါက်လာစေရန်နှင့် ထူးချွန်ထက်မြက်သော ကျောင်းသား/ ကျောင်းသူများကိုစံနမူနာပြု၍ ကျောင်းသားလူငယ်များအား ပြုစုပျိုးထောင်ပေးရန်ဟူသော ရည်ရွယ်ချက် (၃) ရပ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4917
Page
4918
Page
4919
Page
4920
Current page
4921
Page
4922
Page
4923
Page
4924
Page
4925
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department