အမြို့မြို့အနယ်နယ်သတင်းများ

May 07,2024
၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များတက်ရောက်ခဲ့ကြသည်။
May 07,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
May 07,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နယ်မြေလုံခြုံရေးအခြေအနေအရ လတ်လလောနေရပ် ကျေးရွာများကို စွန့်ခွာ၍ ယာယီတိမ်းရှောင်နေထိုင်လျက်ရှိသော အိမ်ထောင်စုများအား မိုးမကျမီ နေအိမ်များ လုံခြုံစွာနေထိုင်နိုင်ရေး စီမံဆောင်ရွက်‌ပေးလျက်ရှိရာ မေ ၆ ရက် မွန်းလွဲ ၁ နာရီက ဝိုင်းမော်မြို့နယ်အတွင်းရှိ အိမ်ထောင်စုများအား ဝိုင်းမော်မြို့ အမှတ် (၄) ရပ်ကွက် သာဂရလီဆူနှစ် ခြင်းအသင်းတော်ကျောင်း၌ သွားရောက်တွေ့ဆုံအားပေးထောက်ပံ့သည်။
May 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် နွေရာသီဘောလုံး အားကစားသင်တန်းအား မအူပင်ခရိုင်ပြည်သူ့အားကစားကွင်းကြီး၌ ယမန်နေ့နံနက် (၉) နာရီမှ စတင်၍ ဆက်လက်သင်ကြားပို့ချလက်ရှိသည်။
May 07,2024
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသည် ယိုယွင်းပျက်စီးလာသည့် သဘာဝပတ်ဝန်းကျင်များနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်အား ပြုပြင်ထိန်းသိမ်းလာတတ်စေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများစွာ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍  ရာသီဥတုပြောင်းလဲမှုလျှော့ချဖို့ သစ်တောသစ်ပင်ထိန်းသိမ်းစို့ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေုပြုဗဟိုဌာန (Community centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
May 07,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် လူငယ်လူရွယ်များနှင့်ဒေသတွင်း ပြည်သူများ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကွန်ပျူတာပညာရပ်များကို စနစ်တကျကျွမ်းကျင်တတ်မြောက်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့်ကျောင်းသားကျောင်းသူများအား ကျောင်းစာတွင်လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်ရည်ရွယ်၍ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဥ် (၃/၂၀၂၄)၊ အင်္ဂလိပ်စာ Grammar နှင့်သိုးမွှေးချည်ထိုးနည်း သင်တန်းများ ဖွင့်ပွဲကို မေ ၆ ရက်နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ၌ ကျင်းပသည်။
May 07,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်မှ ၂၀၂၃-၂၄ ပညာသင်နှစ်၏ ထူးချွန်ထက်မြက်သည့် လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် လူရည်ချွန်လေ့လာရေး အပန်းဖြေစခန်းများသို့ သွားရောက်ခဲ့ကြပြီး ယနေ့နံနက် ၇ နာရီခွဲတွင် နမ့်စန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ နမ့်စန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဘင်ခရာတပ်ဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများက မြို့လယ်ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နာရီစင်အနီးတွင် စုပေါင်း၍ ပန်းစည်း၊ ပန်းကုံးများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။