အမြို့မြို့အနယ်နယ်သတင်းများ

Sep 23,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာတက်ကြွသော လူကြီးဘဝရရှိစေရေး အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို လစဥ်ဆောင်ရွက်လျက်ရှိရာ နတ်တလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
Sep 23,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ဌာနဆိုင်ရာများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ စာကြည့်တိုက် Mobile library ကားဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို စက်တင်ဘာ ၂၃ ရက်နေ့နံနက် (၁၁) နာရီက ပြည်ကြီးတံခွန်မြို့နယ်၊ တိုင်းဒေသကြီးစီမံကိန်းရုံးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 23,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာရှစ်ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Sep 23,2025
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၂၃ ရက်နေ့နံနက် ၉ နာရီက မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 23,2025
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၂၃ ရက်နေ့‌နံနက် (၉) နာရီခွဲက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာထွန်းက အဖွင့်အမှာစကားပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
Sep 23,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ‌ဝေးခန်းမတွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၂၃ ရက်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
Sep 23,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ် အနီးဝန်းကျင်တစ်ဝိုက်နှင့် ကျေးလက်ဒေသများတွင် ဥစားပိန်းစိုက် တောင်သူများ စျေးကောင်းရရှိသဖြင့် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။
Sep 23,2025
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ကလေးသူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူငယ်ကဏ္ဍများ တိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပုံပြင်ပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။