မင်းတုန်းမြို့နယ်တွင် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး သီးနှံမျိုးစေ့များပေးအပ်

မင်းတုန်း မေ ၁၇

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်၌ စိုက်ပျိုးလျှက်ရှိသော အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိစေရေး သီးနှံမျိုးစေ့ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဝင်ကိုက သီးနှံမျိုးစေ့ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ရက်(၁၀၀)စီမံချက်ဖြင့် ဒေသတွင်းသီးနှံစိုက်စွမ်းအား တိုးတက်မြင့်မားရေး၊ မျိုးကောင်းမျိုးသန့်များ ပွားများစိုက်ပျိုးရေးနှင့် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းတိုးတက် ရရှိစေရေးတို့အတွက် သီးနှံစိုက်ပျိုးကြမည့် တောင်သူများအား စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲစင်းငုံ၊ ချည်မျှင်ရှည်ဝါနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ချင်းကလေး(NRDC)