ပင်းတယမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၆ ခုနှစ်အထိ လူရည်ချွန်ဆု ရရှိခဲ့သော  လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုကြိုဆိုပွဲ ‎အခမ်းအနား ကျင်းပ

ပင်းတယ မေ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း "မြတ်ရတနာ" ခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲက ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၆ ခုနှစ်အထိ လူရည်ချွန်ဆု ရရှိခဲ့သော  လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနား ကျင်းပသည်။

အခမ်းအနားကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသား/သူလေးများက " လူရည်ချွန်စွမ်းအား " တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။ ထိုနောက် ပင်းတယမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကောက်မတီဥက္ကဋ္ဌ ဦးထိန်လင်းအောင်မှ အမှာစကား ပြောကြားကာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လူရည် ချွန်ဆုရမောင်မယ်များကို ဂုဏ်ပြုဆု ချီးမြှင့်ပေးခဲ့ကြပြီး၊ လူရည်ချွန်မောင်မယ်များကိုယ်စား လူရည်ချွန်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ပင်းတယမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၆ ခုနှစ်အထိ (၂)နှစ်ဆက် နှစ်ထပ်ကွမ်း လူရည်ချွန်မောင်မယ် (၂)ဦး၊ တစ်ထပ်ကွမ်းလူရည်ချွန်မောင်မယ် (၄) ဦး ဖော်ဆောင်ပေါ်ထွက်ခဲ့ကြောင်း သိရကာ အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)