ဓနုဖြူ မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့မစျေးမီးဘေးသင့်စျေးသည်များအား အလှူငွေ လှူဒါန်းထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မေလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့က အမှာစကားအသီးသီးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များ၊ အစ္စလာမ်ဘာသာဝင်များမှ မီးဘေးသင့်ဈေးသည်များအတွက် အလှူငွေ(၃၀၉)သိန်းလှူဒါန်းခဲ့ရာ အလှူငွေများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့က လက်ခံရယူပြီး မီးဘေးသင့်ဈေးသည်များအား တစ်ဦးချင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)