ဆင်ပေါင်ဝဲ မေ ၁၇
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀)စီမံချက်အတွင်းပါဝင်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့် လူမှုစီးပွားဘဝ ဆောင်ရွက်ရာတွင် လည်းကောင်း၊ ခရီးသွားလာရာတွင်လည်းကောင်း၊ အဆင်ပြေချောမွေ့စေရန်နှင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးများကို အပြည့်အဝ ရရှိနိုင်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ရက်(၁၀၀)စီမံချက်ဖြင့် ကြာအင်းကျေးရွာရှိ အသက်(၁၀)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ဖိတ်ခေါ်၍ နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကဒ်များ (One Stop Service) ဖြင့် ထုတ်ပေးသည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ မြို့နယ်လဝကဦးစီးမှူးရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်ဆွေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စွာမြင့်တို့က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များပေးအပ်ခြင်းကို ဆောင်ရွက်ရာ သက်ဆိုင်ရာကာယကံရှင် ကျောင်းသား၊ ကျောင်းသူများထံသို့ လက်ဝယ်အရောက် အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)