Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကော့ကရိတ်မြို့တွင် ကရင်ပြည်နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ထောက်ပံ့ပစ္စည်းများပေးအပ်
May 17,2026
ကရင်ပြည်နယ်၊ အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကော့ကရိတ်မြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်ထမ်းများ၏ မိသားစုဝင်များအား မေ ၁၅ ရက် နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့နယ်၌ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် မိုင်းတင်းကျေးရွာအုပ်စုမှ ပြည်သူများအား နိုင်ငံသားကတ်နှင့် UID လုပ်ငန်းများ ဆောင်ရွက်ပေး
May 17,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်း ဒေသခံပြည်သူများ နိုင်ငံသားအခွင့်အရေးနှင့် သက်သေခံအထောက်အထားများ ရရှိစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်မဲမြို့နယ် ဦးစီးမှူးရုံး၌ ရက်(၁၀၀) လမင်းစီမံချက်အရ ယနေ့နံနက် ၉ နာရီက စတင်၍ မိုင်းတင်းကျေးရွာအုပ်စုမှ ပြည်သူများကို ဖိတ်ခေါ်ကာ မြို့နယ်ဦးစီးအရာရှိ ဦးမင်းသူနှင့် ဝန်ထမ်းများက အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းနှင့် Biometric UID ဇီဝအချက်အလက် ကောက်ယူခြင်းလုပ်ငန်းများကို နေ့ချင်းပြီး ဝန်ဆောင်မှုအဖြစ် ဦးစားပေး ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နွားထိုးကြီးမြို့နယ်၌ ကျောင်းသားကျောင်းသူများ လုံခြုံအေးချမ်းစွာ ကျောင်းတက်ရောက်နိုင်ရေး ဆွေးနွေး
May 17,2026
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများ ၂၀၂၆−၂၀၂၇ ပညာသင်နှစ်တွင် လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ဗျူဟာမှူး ဗိုလ်မှူးကြီး သိန်းဇော်၊ မြို့နယ်အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေး ကော်မတီအဖွဲ့ဝင်များနှင့် မြို့မအမှတ်(၁၊၂၊၃၊၆)ရပ်ကွက်အသီးသီးမှ မြို့မိမြို့ဖများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံဆွေးနွေးသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနား ကျင်းပ
May 17,2026
မော်လမြိုင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မောင်ငံရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့တွင် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံစို့” လက်ကမ်းစာစောင်များဖြန့်ဝေ
May 17,2026
ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့တွင် ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကာလအတွင်း ကျောင်းအပ်နှံမည့်လုပ်ငန်းစဉ်များကို သိရှိနားလည် သဘောပေါက်ကြစေရန်နှင့်ရပ်ရွာဒေသများအတွင်း ကျောင်းအပ်နှံနိုင်မည့် စာသင်အရွယ်အပိုင်းအခြားရှိ ကလေးများအားလုံးကျန်ရှိမှုမရှိစေရန် ရည်ရွယ်၍ ယမန်နေ့နံနက်၉နာရီက စုရပ်အလိုက် လက်ကမ်းစာစောင် များဖြန့်ဝေ၍ Campaing ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့၌ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ထုတ်ပေး
May 17,2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဦးစီးမှူးရုံးတွင် ယမန်နေ့နံနက်ပိုင်းက အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ် ထုတ်ပေးခြင်းများကို ကာယကံရှင်ပြည်သူများ၏ လက်ဝယ်အရောက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြာအင်းဆိပ်ကြီးမြို့တွင် KG+9 အဆင့်ထိ ပညာသင်ကြားနိုင်ရေးအတွက် အသက်(၅)နှစ်ပြည့်မည့် ကျောင်းနေအရွယ်ကလေးများစာရင်းကောက်ယူလျက်ရှိ
May 17,2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးတွင် KG+9 အဆင့်ထိ ပညာသင်ကြားနိုင်ရေးအတွက် အသက်(၅)နှစ်ပြည့်မည့် ကျောင်းနေရွယ်ကလေးများစာရင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်(၆)ရပ်ကွက်အတွင်း ရပ်ကွက်အလိုက် door to door တစ်အိမ်တက်ဆင်း၍ ပညာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက စာရင်းကောက်ယူလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့ပြန်လည်ထူထောင်ရေးနှင့်အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး ဆွေးနွေး
May 17,2026
ကော့ကရိတ်မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် ၂၀၂၆_၂၀၂၇ပညာသင်နှစ်၊ အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရွှေက မေ ၁၅ ရက် နံနက် ၈နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရုံးခန်းမ၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နီနီအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင် မြင့်သိန်း၊ခေတ္တခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးကျော်အောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကျော် ကျော်ဦး၊ ခရိုင်ပညာရေးမှူ ဦးခွန်အောင်မျိုးဆွေ၊ မြို့နယ်ပညာရေးမှူး ဒေါ်ရီရီခိုင်၊ အထက-၂ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိမွန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ အခြေခံကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု၊ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ကျောင်းဝန်းအတွင်း လိုက်လံကြည့်ရှုသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
403
Page
404
Page
405
Page
406
Current page
407
Page
408
Page
409
Page
410
Page
411
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department