Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ကျောက်ဆည်မြို့ ငလျင်သင့် ရွှေမုဌောစေတီ ပြန်လည်ပြင်ဆင်နေမှုများအား ကြည့်ရှု
May 17,2026
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့ရှိ ငလျင်ဒဏ်သင့် ဆည်တော်နံ ရွှေမုဋ္ဌောစေတီတော်သို့ ရောက်ရှိဖူးမြော်ကာစေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ ကျောက်ဆည်မြို့၊ မဟာရွှေစေတီ ပရိယတ္တိစာသင်တိုက် ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာသာမိ အမှူးပြုသော ဆရာတော်များအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်းနှင့် ဆည်တော်နံ ရွှေမုဋ္ဌောစေတီတော် ပြန်လည် ပြင်ဆင်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီးနှင့် (မွေးမြူရေးကဏ္ဍ) ဖွံ့ဖြိုးတိုးတက်ရေးတွေ့ဆုံပွဲအခမ်းအနားကျင်း…
May 17,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာရဲထွန်းဝင်းသည် ဝန်ထမ်းများ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းစစ်ဆေး
May 17,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၌ ရက်(၁၀၀) စီမံချက်ဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဌာနဆိုင်ရာရုံးများသို့ ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ်၌ ဒူးရင်းသီးရောင်းချမှု ပေါ်ဦးပေါ်ဖျားတွင် စျေးကွက်အတွင်း စတင်ရောင်းချနေပြီး စျေးကောင်းရရှိ
May 17,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ရောင်းချနေသည့် ဒူးရင်းသီးများမှာ ပေါ်ဦးပေါ်ဖျားကာလတွင် စျေးကွက်အတွင်း စတင်ရောင်းနေပြီး စျေးကောင်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လဲချားမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်လူရည်ချွန် ကျောင်းသူလေးအား ကြိုဆိုဂုဏ်ပြုပွဲ ကျင်းပ
May 17,2026
ရှမ်းပြည်နယ်(တောင်ပိုင်း) လဲချားမြို့၌ နိုင်ငံတော်အဆင့် လူရည်ချွန်အဖြစ်ရွေးချယ်ခံရသည့် လူရည်ချွန် ကျောင်းသူလေးအား ကြိုဆိုဂုဏ်ပြုပွဲကို ယနေ့နံနက် ၇ နာရီခွဲက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး
May 17,2026
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း(မြန်မာ)ဗဟို၏ စီစဉ်မှုဖြင့် အမှတ်(၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ရန်ကုန်)တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကို အဆိုပါအသင်းရုံး မေတ္တာစံအိမ်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဗိုလ်တထောင်မြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေ ပြည်သူများအား ဥပဒေအသိပညာပေး ရှင်းလင်းပွဲကျင်းပ
May 17,2026
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီခွဲအချိန်က ဗိုလ်တထောင်မြို့နယ်အမှတ်(၄)ရပ်ကွက်၊ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးကောင်းမြို့နယ် အုတ်ကျင်းကျေးရွာ၌ မြစိမ်းရောင်ကော်မတီဝင်များနှင့်တွေ့ဆုံဆွေးနွေးပြီး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး
May 17,2026
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အုတ်ကျင်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း ကော်မတီဝင်များနှင့်တွေ့ဆုံ ဆွေးနွေးခြင်းနှင့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အဆင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
407
Page
408
Page
409
Page
410
Current page
411
Page
412
Page
413
Page
414
Page
415
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department