အမြို့မြို့အနယ်နယ်သတင်းများ

May 17,2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဦးစီးမှူးရုံးတွင် ယမန်နေ့နံနက်ပိုင်းက အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ် ထုတ်ပေးခြင်းများကို ကာယကံရှင်ပြည်သူများ၏ လက်ဝယ်အရောက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
May 17,2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးတွင် KG+9 အဆင့်ထိ ပညာသင်ကြားနိုင်ရေးအတွက် အသက်(၅)နှစ်ပြည့်မည့် ကျောင်းနေရွယ်ကလေးများစာရင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်(၆)ရပ်ကွက်အတွင်း ရပ်ကွက်အလိုက် door to door တစ်အိမ်တက်ဆင်း၍ ပညာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက စာရင်းကောက်ယူလျက်ရှိသည်။
May 17,2026
ကော့ကရိတ်မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် ၂၀၂၆_၂၀၂၇ပညာသင်နှစ်၊ အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရွှေက မေ ၁၅ ရက် နံနက် ၈နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရုံးခန်းမ၌  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နီနီအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင် မြင့်သိန်း၊ခေတ္တခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးကျော်အောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကျော် ကျော်ဦး၊ ခရိုင်ပညာရေးမှူ ဦးခွန်အောင်မျိုးဆွေ၊ မြို့နယ်ပညာရေးမှူး ဒေါ်ရီရီခိုင်၊ အထက-၂ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိမွန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ အခြေခံကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု၊ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ကျောင်းဝန်းအတွင်း လိုက်လံကြည့်ရှုသည်။
May 17,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့ အထက(မိုင်းယောင်း)၌ ယနေ့နံနက်ပိုင်းက လူရည်ချွန်လေ့လာရေးခရီးစဉ် အတွေ့အကြုံ ရှင်းလင်းပွဲ ကျင်းပကြောင်း သိရသည်။
May 17,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြည်သူလူထုအား သိရှိလိုက်နာနိုင်စေရန် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲကို မေ ၁၆ ရက် ၁၀ နာရီက ရွာသစ်ကျေးရွာရှိ ဓမ္မာရုံ၌ ကျင်းပသည်။
May 17,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရက် (၁၀၀)စီမံချက်အနေဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများကိုလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ယမန်နေ့က ပြုလုပ်ပေးလျက်ရှိသည်။
May 17,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ ဧရာမင်းဈေးတွင် ယနေ့နံနက်ပိုင်း၌ ဈေးရောင်းဈေးဝယ်များ ပလပ်စတစ်အစားထိုး သတင်းစာစက္ကူများအသုံးပြုရေး ကွင်းဆင်းအသိပညာပေး ဆောင်ရွက်ခဲ့သည်။
May 17,2026
လူငယ်လူရွယ်များ အားကစားဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးမှုရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မေ(၁၆)ရက်က ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်ကျင်းပသည်။