မိတ္ထီလာ မေ ၁၆
မိတ္ထီလာမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြသခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေပိုင်းက မြင်းကန်ကျေးရွာရှိ ROYAL PETROL စက်သုံးဆီအရောင်းဆိုင်တွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးနေမိုးအောင်ဦးဆောင်၍ တပ်ဖွဲ့ဝင် ၄ ဦးဖြင့် ဆိုင်ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းသာ