အမြို့မြို့အနယ်နယ်သတင်းများ

Sep 24,2025
ကချင်ပြည်နယ်၊ ဗန်မော်ခရိုင်မှ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲက မန္တလေးတိုင်းဒေသကြီး၊ ချမ်း‌အေးသာစံမြို့နယ်၊ ဆူးဖြူ‌ကျောင်းတိုက်၊ ဉာဏဝေပုလ္လဓမ္မဗိမာန်တွင် ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ တိုင်းရင်းသား‌ရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊‌ အောင်မြေသာစံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့်တာဝန်ရှိသူများ၊ ဗန်းမော်ခရိုင်မှ နေရပ်စွန့်ခွာဝန်ထမ်းများနှင့် နေရပ်စွန့်ခွာပြည်သူများ တက်ရောက်ကြသည်။
Sep 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ ပြည်သူများ တစ်ခါသုံးပလတ်စတစ်အိတ်များလျော့နည်း သုံးစွဲစေရေးအတွက် အပတ်စဥ် ဗုဒ္ဓဟူး၊သောကြာ၊တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် သုံးစွဲမှုမရှိစေရေးနှင့်အစားထိုး သုံးစွဲလိုက်နာဆောင်ရွက်မှုရှိစေရေး အသိပညာပေးကြပ်မတ်စစ်ဆေးခြင်းတို့ကို ယနေ့နံနက်၇နာရီအချိန်က မြို့စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်းတွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 24,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အမျိုးသမီးများသို့ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာ‌ပေး သင်တန်းဖွင့်ပွဲကို ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
Sep 24,2025
ကချင်ပြည်နယ် မိုးညှင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီက အခြေခံပညာ မူလတန်းလွန်(အရှေ့စု)ကျောင်း၌ ဆောင်ရွက်သည်။
Sep 24,2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ညောင်တုန်းရေနံနှင့် သဘာဝဓာတ်ငွေ့မြေသို့ရောက်ရှိပြီး ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်တွေ့ဆုံ၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတွက် အသိပညာပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာကိစ္စရပ်များ၊ မဲပေးစက်သယ်ယူပို့ဆောင်ရေး ဆိုင်ရာကိစ္စရပ်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ပြီး ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က လိုအပ်သည်များမှာကြားခဲ့သည်။
Sep 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က (၂) ကျောင်းတွင် ကျောင်းသား/သူများအား ဆုံဆို့မေးခိုင်နှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြသည်။
Sep 24,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း စိမ်းလန်းစိုပြေသာယာလှပစေရေးအတွက် တတိယအကြိမ်မြောက် မိုးရာသီ မန်ကျည်းပင်စုပေါင်းစိုက်ပျိုးပွဲကို စက်တင်ဘာ ၂၄ ရက် နံနက် ၇ နာရီတွင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။