Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သန်လျင်မြို့နယ် အ.ထ.က ကျောက်ရေတွင်းကျောင်း၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေး
Sep 23,2025
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးနှင့် ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့မွှန်းလွဲ(၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးငွေပေးအပ်ပွဲအခမ်းအနားနှင့် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှ…
Sep 23,2025
မွန်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး ရာမညခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘီးလင်းမြို့နယ်၌ ခွေးရူးရောဂါအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် အာဟာရနွားနို့တိုက်ကျွေး
Sep 23,2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် စက်တင်ဘာလ ၂၈ ရက်နေ့တွင်ကျရောက်မည့် (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့၊ အ.ထ.က(ကန်သာယာ)ကျောင်း မဟော်သဓာခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်ကော်မြို့၌ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းဆင်းပွဲ ကျင်းပ
Sep 23,2025
ကယားပြည်နယ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲကို ယနေ့နံနက်က လွိုင်ကော်မြို့ မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပရာ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်မျက်စိရောဂါအထူးကုဆေးရုံကြီးနှင့် ဗဟန်းအမျိုးသမီးဆေးရုံများမှ မျက်စိအထူးကုဆရာဝန်ကြီးများ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များ…
Sep 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် “မရှိ၍ မလင်းသူ မရှိစေရ” အစီအစဉ်ဖြင့် မျက်စိအခမဲ့စမ်းသပ်စစ်ဆေးကုသမှုပေးခြင်း၊ မျက်မှန်များ အခမဲ့တပ်ဆင်ပေးခြင်းနှင့်မျက်စဉ်းခပ်ကုသပေးခြင်းတို့ကို (၂၀)ရပ်ကွက်၊ မြို့နယ်ကျက်သရေဆောင် အောင်ဗောဓိစေတီတော်မြတ်ကြီးဓမ္မာရုံ၌ ယမန်နေ့နံနက် ၇ နာရီ ၃၀ မိနစ်က ဆောင်ရွက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံကြက်ခြေနီအသင်းက သာစည်မြို့နယ် ငလျင်ဘေးသင့်အိမ်ထောင်စု ၂၈၆ စုတို့အား ပံ့ပိုးငွေပေးအပ်
Sep 23,2025
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းက မန္တလေးငလျင်ကြီးဘေး တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးပံ့ပိုးမှုအစီအစဉ်ဖြင့် ငလျင်ဘေးသင့်အိမ်ထောင်စု ၂၈၆ စုတို့အား ပံ့ပိုးငွေ ပေးအပ်ခြင်းကို စက်တင်ဘာ ၂၃ ရက်က အမှတ်(၇)ရပ်ကွက် နဘဲရွှေထီးဘုရားဝင်း၌ ကျင်းပရာ ရပ်ကွက်ကျေးရွာအုပ်စု ခြောက်အုပ်စုမှ ငလျင်ဘေးသင့်အိမ်ထောင်စု ၂၈၆ စုတို့အား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၄၀၀၀၀၀ ပံ့ပိုးပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လသာမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပြိုင်ပွဲများ ကျင်းပ
Sep 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းအချိန်က အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ် (၆၀၀၉၇၅၀၀၀၀) သိန်း ထုတ်ချေးပေးပြီးဖြစ်
Sep 23,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက ရွာသာယာကျေးရွာအုပ်စုနှင့် ကျေးသားကျေးရွာအုပ်စုအတွင်းရှိ တောင်သူလယ်သမားများအား မိုးစပါးစိုက်ပျိုးစရိတ်ဘဏ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
395
Page
396
Page
397
Page
398
Current page
399
Page
400
Page
401
Page
402
Page
403
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department