နောင်ချိုမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

နောင်ချို မေ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ဇွန်လ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပြိုင်ပွဲတွင် နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ ၈ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ ၁၂ ဦး၊ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ ၁၃ ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၃၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ယဉ်ထိန်းတပ်ဖွဲ့မှူးနှင့်တာဝန်ရှိသူများမှ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်၊ပြန်/ဆက်