အမြို့မြို့အနယ်နယ်သတင်းများ

Sep 24,2025
ရမည်းသင်းမြို့နယ် ကင်မွန်းခြုံ-ထီးလှိုင်လမ်းမှ ဇီးဖြူကုန်းရွာသွားလမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးလှခိုင်၊ ရမည်းသင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်လင်းနှင့်အဖွဲ့သည် စက်တင်ဘာ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Sep 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာစီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား စားသုံးဆီများကို ယမန်နေ့နံနက်ပိုင်းက သက်သာသောစျေးနှုန်းဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
Sep 24,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ ပုဂ္ဂလိကဘဏ်များအား မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Sep 24,2025
‎‎မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာနက ချောက်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအတွက် ဓာတ်မြေသြဇာသွင်းအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။‎
Sep 24,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊  အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမဆောင်၌ ယမန်နေ့နံနက် ၉ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂ဝ၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပသည်။
Sep 24,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့တွင် တစ်ခါသုံးပလတ်စတစ်အပါအဝင် ပလပ်စတစ်၊ စွန့်ပစ်ပစ္စည်းများ စည်းကမ်းမဲ့စွန့်ပစ်ခြင်းမရှိစေရေးနှင့် တစ်ခါသုံးပလတ်စတစ်ပစ္စည်းများ လျော့ချသုံးစွဲရေး အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၂၃ ရက်နေ့ည‌နေ ၂ နာရီခွဲက ကလောမြို့၊ မြို့နယ်ခန်းမ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မြို့ပေါ်ရပ်ကွက်/ကျေးရွာနေ ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။
Sep 24,2025
ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းအစီအစဉ်ကို မကွေးတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများတွင် ပြုလုပ်လျက်ရှိပြီး၊ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် KG ကျောင်းသား ကျောင်းသူများအား ကျောင်းတွင်းအာဟာရ‌ကျွေးမွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မကွေးမြို့ အ.ထ.က(ခွဲ)ကန်သာ၌ပြုလုပ်ရာ အာဟာရချက်ပြုတ်ကျွေးမွေးခြင်း အစီအစဉ် ဆောင်ရွက်နေမှုအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးနှင့် တိုင်းဒေသကြီးအခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများသွားရောက်၍ ကြည့်ရှုအားပေးသည်။
Sep 24,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အခြေခံပညာကျောင်းသားအားကစားပွဲတော်၌ ပြည်နယ်အဆင့်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ အောင်မြတ်ခန်းမတွင် ကျင်းပသည်။