အမြို့မြို့အနယ်နယ်သတင်းများ

Sep 24,2025
အစဉ်အလာအရ အင်းလေးဒေသဝဲယာ(၂၁)ဌာနသို့ ဒေသစာရီကြွချီပူဇော်ခံလျက်ရှိသည့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူတို့သည် ကျေးပေါခုံဌာနစံကျောင်း တော်တွင် တစ်ညတာကိန်းဝပ်ပူဇော်ခံပြီးနောက် ယမန်နေ့နံနက်(၈)နာရီခွဲတွင် ရွှေအင်းတိန်စံကျောင်းတော်သို့ သက်ဆိုင်ရာတာဝန်ရှိသူများ ပင့်ဆောင်၍ ခေတ္တရပ်နားပူဇော်ခံခဲ့သည်။
Sep 24,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်လျက်ရှိရာ မိုးစပါးပန်းတိုင်ထွက်နှုန်း ရရှိရေးစံပြ စိုက်ခင်း သုံးဧက စိုက်ပျိုးခြင်းကို ယမန်နေ့နံနက်ပိုင်းက နားလင်းကျေးရွာ၊ မြို့ဝင်ကြာဖူးအနီး ကွင်းအမှတ်(၃၆) တောင်သူ ဦးစိုင်းမာလာ ၏လယ်မြေတွင် တောင်သူများနှင့်အတူ စိုက်ပျိုး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 24,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်နှင့် ခရိုင်အဆင့်လုပ်ငန်းစိစစ်ရေးအဖွဲ့သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက်/တိုင်းဒေသကြီး ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ငဖဲမြို့နယ် ပဒါန်းလျှပ်စစ်ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံနှင့် အခြားဓာတ်အားလိုင်း တည်ဆောက်မှုလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 24,2025
ပြည်ထောင်စုနယ်မြေ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ ပြည်ထောင်စုနယ်မြေ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
Sep 24,2025
တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်ဝန်းဖော်ဆောင်ရေးအတွက် ပင်လောင်းမြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပင်လောင်းကြီးကျေးရွာ၌ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Sep 24,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် လူရည်ချွန်ကြိုဆိုပွဲနှင့် ဂုဏ်ပြုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပခုက္ကူပညာရေးဒီဂရီကောလိပ်၊ မဟာသရေစည်သူဦးဘခန်းမ၌ ကျင်းပသည်။
Sep 24,2025
ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အတွေးအခေါ်များမြင့်မားစေရေးတို့အတွက် ရည်ရွယ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၅) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့ ပူးပေါင်းကျင်းပကာ စွမ်းရည်မြှင့်ပြိုင်ပွဲများကို စက်တင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Center) အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
Sep 23,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူပေါင်း၍ ယနေ့နံနက်ပိုင်းက ပြည်မြို့၊ ဗိုလ်ချုပ်လမ်းရှိ လင်းလက်ကြယ်စင် ကိုယ်ပိုင်အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး "လူငယ်စကားဝိုင်း" ကျင်းပရာ အဆိုပါကျောင်းမှကျောင်းအုပ်ကြီးနှင့်  ဆရာ၊ ဆရာမများ၊ အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများ ၁၅၀ ခန့် တက်ရောက်ခဲ့ကြသည်။