မိတ္ထီလာမြို့၌ သမဝါယမအသင်းသားထံသို့ စုဆောင်းငွေပေါ်အတိုးထုတ်ပေးခြင်းဆောင်ရွက်

မိတ္ထီလာ မေ ၁၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ကျီတော်ကုန်းရပ်ကွက် ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက် ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်အတွက် သမဝါယမအသင်းသားများထံသို့ စုဆောင်းငွေအပေါ် အတိုးထုတ်ပေးခြင်းအခမ်းအနားကို အဆိုသမဝါယမအသင်းဆိုင်တွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ကျီတော်ကုန်းရပ်ကွက် ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ ဦးဝင်းမောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိဦးမြင့်လွင်က အသင်းစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို အကြံပြုဆွေးနွေးသည်။ ဆက်လက်၍  အသင်းအမှုဆောင် ဦးထွန်းအောင်ကျော်က အသင်း၏ ရှေ့လုပ်ငန်းစဉ်များကိုဖြတ်ကြားဆွေးနွေးပြီး အသင်းသား၊ အသင်းသူ ၆၈၄ ဦးထံသို့ စုဆောင်းငွေပေါ်အတိုးစုစုပေါင်း ၆၉ဝ၆၉ဝဝ ကျပ်  ကို ထုတ်ပေးခဲ့ကြောင်းသိရသည်။

ချမ်းသာ