မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာ ရောင်း‌ချ‌ပေး

မြစ်သား မေ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့မအနောက်ရပ်ကွက်ရှိ စည်ပင်သာယာဈေးအဝင်ပေါက်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများ ပြည်သူ့သက်သာ ဈေးရောင်းချခြင်းကို မေ ၁၈ ရက် နံနက် ၇ နာရီက ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပြည်သူ့သက်သာဈေးရောင်းချရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ အခြေခံစားသောက်ကုန်ရောင်းချသည့်လုပ်ငန်းရှင်များသည် ပြင်ပပေါက် ဈေးထက်ဈေးနှုန်းချိုသာစွာ ရောင်းချပေးရာ ဒေသခံပြည်သူများမှ လာရောက်ဝယ်ယူခဲ့ကြသည်။

ထို့သို့ရောင်းချရာတွင် ဝက်သား ၁ ပိဿာ ၂၆၀၀၀ ကျပ်ဖြင့် ၃၀ ပိဿာအားလည်းကောင်း၊ အမဲသား ၁ ပိဿာ ၂၆၀၀၀ ကျပ်ဖြင့် ၁၀ ပိဿာအားလည်းကောင်း၊ ကြက်သား ၁ ပိဿာ ၁၈၀၀၀ ကျပ်ဖြင့် ၁၀ ပိဿာအားလည်းကောင်း၊  ကြက်ဥ ၁ လုံး ၄၀၀ ကျပ်ဖြင့် ၁၅၀၀ လုံးအားလည်းကောင်း၊ သုခရှယ်ဆန် ၁ ပြည် ၃၃၀၀ ကျပ်ဖြင့် (ဆန် ပြည်‌ပေါင်း ၄၈ (ပြည်) အားလည်းကောင်း၊ စားအုန်းဆီ ၁ ပိဿာ ၈၃၇၀ ကျပ်ဖြင့် ပိဿာပေါင်း ၁၁၀တို့အား ပြင်ပ‌ပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးခဲ့သည်။ အဆိုပါဈေးရောင်းချရာသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)