အမြို့မြို့အနယ်နယ်သတင်းများ

May 18,2026
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ စီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကို မေလ ၁၈ ရက် နံနက် ၁၀ နာရီက မြို့နယ်ကျွန်းရတနာခန်းမ၌ ပြုလုပ်သည်။
May 18,2026
တနင်္သာရီတိုင်းဒေသကြီး၊  ကျွန်းစုမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်‌ရေးစီမံကိန်းအတွက် ကျေးရွာများ ရွေးချယ်ခြင်းအခမ်းအနားကို မေလ ၁၈ ရက် မွန်းလွဲ ၁၂ နာရီခွဲက မြို့နယ်ကျွန်းရတနာခန်းမ၌ ‌ကျင်းပသည်။
May 18,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ယနေ့ ၉ နာရီအချိန်က သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ၏ အကြိုအခြေခံမီးသတ်ပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ သင်တန်းသား ၃၀ တက်ရောက်ခဲ့သည်။
May 18,2026
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် စဉ့်ကူးမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
May 18,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူလူထုအား သိရှိလိုက်နာနိုင်စေရန်  မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၁)နာရီက စစ်ပင်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
May 18,2026
တနင်္သာရီတိုင်း‌ဒေသကြီး မြိတ်မြို့တွင် ဆေးဘက်ဆိုင်ရာ အထောက်အကူပြု အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၆)ကို မေ(၁၈)ရက် နံနက် (၉)နာရီက မြိတ်ခရိုင်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။
May 18,2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ပြည်သူလူထုအကြား မှုခင်းဖြစ်ပွားမှုများ လျော့နည်းစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှမှုခင်း ကြိုတင်ကာကွယ်ရေးနှင့် မှုခင်းပညာပေးဟောပြောပွဲကို မေ(၁၈)ရက် နံနက်ပိုင်းက ကလွင်ကျေးရွာအုပ်စု၊ တောရ ကျောင်းရပ်၊ တောရအောက်ကျောင်းတိုက် ဓမ္မာရုံတွင် ကျင်းပသည်။