Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း ဆက်လက်ဆောင်ရွက်
Sep 24,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အခြေခံပညာအ.ထ.က (ခွဲ) လ-၂၅ကျောင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက် Mobile library ကားဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို နံနက် စက်တင်ဘာ ၂၃ ရက်နေ့ နံနက် (၁၀) နာရီက ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ အစေ့ထုတ်ပြောင်းနှင့်ပဲတီစိမ်းကို သီးထပ်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေရရှိ
Sep 24,2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့သည် မိုးရေချိန်နည်းပါးပြီး တောင်ကုန်းနှင့် တောင်ယာများ များပြားသည့် မြို့ဖြစ်သဖြင့် စပါးစိုက်ပျိုးမှုနည်းပါး၍ တစ်မြို့နယ်လုံးတွင် စပါးစိုက်ပျိုးမှုမှာ ဧက (၁) သောင်းဝန်းကျင်ခန့်သာရှိပြီး တောင်ယာလုပ်ကိုင်သူအများစုမှာ မိုးရာသီအစေ့ထုတ်ပြောင်းကို စီးပွားဖြစ်စိုက်ပျိုးကြသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေး…
Sep 24,2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ရေကြည်မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆန်၊ ဆီများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့ လူထုအခြေပြုဗဟိုဌာနတွင် လူသုံးကုန်ထုတ်လုပ်မှုသင်တန်း ဖွင့်လှစ်
Sep 24,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စက်တင်ဘာ (၂၄) ရက် နံနက် (၉) နာရီက မိသားစုအပိုဝင်မှစီးပွားဖြစ် ဝင်ငွေရရှိရေး လူသုံးကုန်ထုတ်လုပ်မှုသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်အ-ထ-က(၂)ကျောင်း ၌ ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Sep 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က(၂)ကျောင်း၏ ပညာ့ဗိမာန်ခန်းမတွင် မြို့နယ်အဆင့်ကျင်းပသော ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/သူများ အောင်ချက်အကောင်းဆုံးကျောင်းများ၊ ဂုဏ်ထူးရရှိ အောင်သင်ကြားပြသပေးသော ဆရာ/မများနှင့် လူရည်ချွန်ရရှိသော ကျောင်းသား/ သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်အတွင်းရှိ အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Sep 24,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် စားသုံးရေးရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများအား စက်တင်ဘာ ၂၃ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်မြို့ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲအခမ်းအနား ကျင်းပ
Sep 24,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးတံခွန်မြို့နယ်တွင် ပန်းခင်းစီမံချက် (၃) ဖြင့် Biometric (UID) ကတ် ပြုလုပ်ပေး
Sep 24,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (၇၈) ရန်-မန်းလမ်းပေါ်ရှိ ရွာလယ်အခြေခံဘာသာရေးအဆောက်အဦးတွင် စက်တင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်လဝကဦးစီးမှူး ဦးအောင်သွင် ဦးဆောင်သည့်အဖွဲ့မှ ပန်းခင်းစီမံချက် (၃) ဖြင့် Biometric (UID)ကတ် ပြည်သူများအား ပြုလုပ်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
388
Page
389
Page
390
Page
391
Current page
392
Page
393
Page
394
Page
395
Page
396
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department