Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တန့်ယန်းမြို့နယ်တွင် လူထုကျန်းမာရေးလုပ်သား (အကျဉ်းချုံး)၊ (မြို့နယ်အဆင့်) သင်တန်း ဖွင့်လှစ်
May 18,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရက်(၁၀၀) စီမံချက်ဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ လူထုကျန်းမာရေးလုပ်သား (အကျဉ်းချုံး)၊ (မြို့နယ်အဆင့်) သင်တန်းဖွင့်ပွဲအခမ်းအနားကို မေလ ၁၈ ရက်နေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆန်စိန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းမန်၊ ဒေါ်နန်းဆိုင်မွန်း၊ ခရိုင်နှင့် မြို့နယ်တို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်၌ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များကို အားဆေးပေးဝေခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်
May 18,2026
မန္တလေးတိုင်းဒသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များကျန်းမာရေးအထူးကောင်းမွန်ပြီးမွေးဖွားသည့်ကလေးငယ်များ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ကျန်းမာရေးအသိပညာပေးဟော ပြောခြင်း၊ ကိုယ်ဝန်ဆောင်အားဆေးပေးဝေခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို မေ ၁၈ ရက်နံနက် ၁၀ နာရီက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း၊ ပိုစ…
May 18,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများကို ခရိုင်ပညာရေးဌာနမှ ကြီးကြပ်၍ မေလ ၁၈ ရက် နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် Abate ဆေးခပ်ခြင်းများ ကွင်းဆင်းဆောင်ရွက်
May 18,2026
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းနှင့် ပညာပေးခြင်းများကို ယနေ့နံနက်ပိုင်းမှစ၍ ကွင်းဆင်းဆောင်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကျင်မြို့တွင် စာပေချစ်မြတ်နိုးသူအဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ
May 18,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ(Book Club)အဖွဲ့များပူးပေါင်း၍ စာရေးဆရာဝတ်ရည်ခင်(ပဲခူး) ရေးသားသည့် "ရွှေရောင်ခေတ်၏ ရတနာလေးများနှင့် ကလေးဝတ္ထုတိုများ" စာအုပ်ဖြင့် ယနေ့ နံနက် (၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့၌ စားအုန်းဆီများ သက်သာသောနှုန်းဖြင့် ရောင်းချပေး
May 18,2026
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့၌ နိုင်ငံ့ဝန်ထမ်းများ စားအုန်းဆီများကို စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်မှုဖြင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့က ကြီးကြပ်၍ ဆီလုပ်ငန်းရှင်များ ပူးပေါင်းကာ ယမန်နေ့(မေ ၁၇ ရက်)မွန်းလွဲ ၂ နာရီက ကန့်ဘလူခရိုင်စုပေါင်းရုံး၌ ရောင်းချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်၌ အသက်မွေးဝမ်းကြောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
May 18,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ အသက်မွေးဝမ်းကြောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက လွယ်ကိုးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြာအင်းဆိပ်ကြီးမြို့တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာဆွေးနွေးပွဲနှင့် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့ ထောက်ပံ့ပေးအပ်
May 18,2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ၂၀၂၆-၂၀၂၇ မိုးစပါးစိုက်ပျိုးရာသီအတွင်း မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာဆွေးနွေးပွဲနှင့်သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ဦးစီးမှူးရုံး သင်တန်းခန်းမတွင်ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဝေလင်းညွန့်က မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့်သုံးစွဲရေးဆွေးနွေးသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
388
Page
389
Page
390
Page
391
Current page
392
Page
393
Page
394
Page
395
Page
396
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department