ရွှေဘိုမြို့နယ် ဘုတ်ကုန်းကျေးရွာ၌ ကျွဲ၊ နွားများအား ကာကွယ်ဆေးအခမဲ့ထိုးနှံပေး

ရွှေဘို မေ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဘုတ်ကုန်းကျေးရွာ၌ ရက်(၁၀၀)စီမံချက်ကာလအတွင်း တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် မွေးမြူရေးအသိပညာပေးခြင်း၊ ကျွဲ၊ နွားများအား ကာကွယ်ဆေးအခမဲ့ထိုးနှံပေးခြင်းကို  မေလ(၁၇)ရက်နေ့က ဆောင်ရွက်ခဲ့သည်။

ထို့သို့ ဆောင်ရွက်ရာ၌ ရွှေဘိုခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာထွေးထွေးမွန်၏ ကြီးကြပ်မှုဖြင့် မြို့နယ်မွေးမြူရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမော်မြင့်ဦးနှင့် ဝန်ထမ်းများက ဘုတ်ကုန်းကျေးရွာရှိကျွဲ၊ နွားကောင်ရေ(၃၀၀)ကျော်အား ဒေါင့်သန်း ရောဂါကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးခဲ့သည်။ ထို့နောက် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ကျွဲ၊နွားမွေးမြူသူများအား တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာနည်းလမ်းများနှင့် နေကြာသီးနှံအထွက်တိုးစေရန်အတွက် ပျားမွေးမြူရေးကို တွဲဖက်လုပ်ကိုင်စေရေး အသိပညာပေးဟောပြောခဲ့ပြီး မွေးမြူရေးဆိုင်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အောင်ထွန်းခိုင်(ပြန်/ဆက်)