အမြို့မြို့အနယ်နယ်သတင်းများ

Jul 22,2025
မန္တလေးတိုင်း‌ဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာငွေများကို ယနေ့နံနက် (၅:၁၅)နာရီမှစတင်ကာ ပင်စင်လစာများကို စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Jul 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ညောင်ဝိုင်း ကျေးရွာ မအူပင်စက်မှုဇုံရှိ New Talent အထည်ချုပ်စက်ရုံ၌ ယနေ့နံနက် (၉)နာရီက မီးဘေးအန္တရာယ်ဟောပြောခြင်းနှင့် လုံခြုံရေးဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Jul 22,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍  ဝါဆိုသင်္ကန်း ကပ်လှူပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီအက သံတောင်ကြီးမြို့ သာသနာ့မဉ္ဇူကကျာင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 22,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် ပြည်သူများစားသုံးဆီ ဝယ်ယူသုံးစွဲရာတွင် အိမ်ထောင်စုတစ်စုလျှင် ဆီဝယ်စာအုပ်တစ်အုပ် ပြုလုပ်ပေးထားပြီး ရပ်ကွက်/ကျေးရွာများတွင် အလှည့်ကျစနစ်ဖြင့် ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းဝင် ဆီအရောင်း အဝယ်ဆိုင်များမှ ရောင်းချပေးလျက်ရှိကြောင်းနှင့် ယမန်နေ့က ဆီဝယ်စာအုပ်တစ်အုပ်လျှင် စားအုန်းဆီနှစ်ပိဿာနှုန်းဖြင့် စားအုန်းဆီ ပိဿာ ၃၃၀ ရောင်းချပေးခဲ့ကြောင်း သိရသည်။
Jul 22,2025
စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ငလျင်ဘေး ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်နည်းလမ်းများ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့ သရုပ်ပြသပွဲကို ယမန်နေ့မွန်လွဲပိုင်းက စစ်ကိုင်းမြို့၊ အခြေခံပညာအထက်တန်း ကျောင်းခွဲ(ရန်နိုင်)၌ ကျင်းပခဲ့ကြကြောင်း သိရသည်။
Jul 22,2025
ပျော်ဘွယ်မြို့နယ်ရုံးတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းဝင်များ၊ စာပေဝါသနာရှင်စုပေါင်း၍ စာဖတ်ဝိုင်း ကျင်းပခြင်းကို ယနေ့ နံနက်(၁၀)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင်  ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 22,2025
မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းကို အမှတ်(၁)၊ အခြေခံပညာ အလယ်တန်းကျောင်း၌ ယနေ့ နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 22,2025
ကျိုက်မရောမြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက အခွန်ဆိုင်ရာအသိပညာပေး ဗီနိုင်းများချိတ်ဆွဲထားမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။