မအူပင် ဇူလိုင် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ညောင်ဝိုင်း ကျေးရွာ မအူပင်စက်မှုဇုံရှိ New Talent အထည်ချုပ်စက်ရုံ၌ ယနေ့နံနက် (၉)နာရီက မီးဘေးအန္တရာယ်ဟောပြောခြင်းနှင့် လုံခြုံရေးဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်မှုအား မအူပင်ခရိုင် မီးသတ်ဦးစီးမှူးဦးစိုးမိုးထွန်း ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူးဦးဇော်မျိုးဌေးနှင့် ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနရှိ တပ်ဖွဲ့ဝင်များမှ စက်ရုံအတွင်းမီးဘေးလုံခြုံမှုရှိစေရန် အဆောက်အဦးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား လက်တွေ့စစ်ဆေးပြီး မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရန် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်