အမြို့မြို့အနယ်နယ်သတင်းများ

Jul 22,2025
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် နံရံကပ်၊ စာအုပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ(၁)နာရီက အခြေခံပညာမူလတန်း​ကျောင်း(ဘိုတဲ)၌ ပြုလုပ်သည်။
Jul 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းသို့ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Jul 22,2025
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၂)ကြိမ်မြောက်လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့က သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
Jul 22,2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပသည်။
Jul 22,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်စားများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက်(၇)နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိသည်။
Jul 22,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။
Jul 22,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် မြို့မစျေးအတွင်းရှိ ဖွစ်လှစ်ထားရှိသော စျေးဆိုင်ခန်းများအတွင်း မီးဘေးအန္တရာယ် အလွယ်တကူဖြစ်စေနိုင်သည့် ဖယောင်းတိုင်၊ အမွှေးတိုင်၊ လျှပ်စစ်မီး၊ ခြင်ဆေးခွေများ အသုံးပြုခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ ဆိုင်ခန်းအတွင်း ဂိုထောင်သဖွယ် သိုလှောင်ထားရှိမှုမရှိစေရေး လိုက်လံစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jul 22,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ထိုးနှံပေးခဲ့သည်။