သံတောင်ကြီးမြို့ သာသနာ့မဉ္ဇူကျောင်းတိုက်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပွဲ အခမ်းအနား ကျင်းပ

သံတောင်ကြီး ဇူလိုင် ၂၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍  ဝါဆိုသင်္ကန်း ကပ်လှူပွဲ အခမ်းအနားကို ယမန်နေ့ နံနက် () နာရီအက သံတောင်ကြီးမြို့ သာသနာ့မဉ္ဇူကကျာင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍   ဖွင့်လှစ်ခြင်း၊ ဧည့်ပရိသတ်များမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့်ဇနီး၊ ဌာနဆိုင်ရာများက  ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် သာသနာ့မဉ္ဇူကျောင်းတိုက် ဆရာတော်ဦးဒေဝိန္ဒာဓိပတိထံမှ သံဃာများအား ရည်စူး၍ လှူဒါန်းမှု အစုစုအတွက် တရားနာယူကာ အခမ်းအနားကို ဗုဒ္ဓသာသနစီရံတိဋ္ဌတု () ကြိမ် ရွတ်၍  ရုပ်သိမ်းခဲ့ပြီး တက်ရောက်လာသည့်  ဧည့်ပရိသတ်များအား နေ့လယ်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။

နော်လော်မူ