စစ်ကိုင်း ဇူလိုင် ၂၂
စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ငလျင်ဘေး ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်နည်းလမ်းများ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့ သရုပ်ပြသပွဲကို ယမန်နေ့မွန်လွဲပိုင်းက စစ်ကိုင်းမြို့၊ အခြေခံပညာအထက်တန်း ကျောင်းခွဲ(ရန်နိုင်)၌ ကျင်းပခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မြင့်ဟန်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးလောင်မှုဖြစ်ပွားပါက လုပ်ဆောင်ရမည့်အချက် များ၊ ငလျင်ဘေးဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်နည်းလမ်းများကို ကျောင်းသူ၊ ကျောင်းသားများ သိရှိနားလည်သဘောပေါက်စေရန် Power Point ပြသ၍ အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်နည်းနှင့် အခြားမီးငြှိမ်းသတ်နည်းအမျိုးမျိုးအား လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
နေလင်းအောင်