ကျောက်ဆည် ဇူလိုင် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများစားသုံးဆီ ဝယ်ယူသုံးစွဲရာတွင် အိမ်ထောင်စုတစ်စုလျင် ဆီဝယ်စာအုပ်(၁)အုပ် ပြုလုပ်ပေးထားပြီး ရပ်ကွက်/ကျေးရွာများတွင် အလှည့်ကျစနစ်ဖြင့် ကျောက်ဆည်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းဝင် ဆီအရောင်း အဝယ်ဆိုင်များမှ ရောင်းချပေးလျက်ရှိကြောင်းနှင့် ယမန်နေ့က ဆီဝယ်စာအုပ်(၁)အုပ် စားအုန်းဆီ (၂) ပိဿာနှုန်းဖြင့် စားအုန်းဆီ(၃၃၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးသော စားအုန်းဆီများကို Resources Group Trading Co,Ltd မှ သတ်မှတ်ရည်ညွှန်းဈေး တစ်ပိဿာငွေ (၆၀၃၀) ကျပ်ဖြင့် ဝယ်ယူခဲ့ပြီး ရောင်းဈေး (၁) ပိဿာ (၇၁၁၅) ကျပ်နှုန်းဖြင့် ဆီအရောင်းဆိုင်ဖြစ်သည့် နေလသုခ-၂ စားသုံးဆီလက်လီလက်ကား ရောင်းဝယ်ရေးဆိုင်မှ ကျောက်ဆည်မြို့ မင်းရပ်ရပ် ကွက်သို့ ရောင်းချပေးခဲ့ကြောင်း ကျောက်ဆည်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ သိရသည်။
စုစုအေး (ကျောက်ဆည်)