ကျိုက်မရောမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေး ဗီနိုင်းများ ချိတ်ဆွဲထားမှု ကွင်းဆင်းစစ်ဆေး

ကျိုက်မရော ဇူလိုင် ၂၂

ကျိုက်မရောမြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက အခွန်ဆိုင်ရာအသိပညာပေး ဗီနိုင်းများချိတ်ဆွဲထားမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မွန်ပြည်နယ်၊ အခွန်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးဂျွန်စိန်ဂီဦးဆောင်၍ ကျိုက်မရောမြို့နယ် အခွန်ဦးစီးဌာနမှူး ဦးဝင်းနိုင်နှင့် မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့တို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ပြေစာအမှတ်တံဆိပ်ကပ်နှိပ်သော ဆိုင်များတွင် “နိုင်ငံကြီးသားပီသစွာ ဤဆိုင်တွင်အခွန်ဆောင်ပါ” ဟူသော ကြေငြာချက်ဗီနိုင်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ချိတ်ဆွဲထားရှိမှုအခြေအနေနှင့် အခွန်အမှတ်တံဆိပ် ကပ်နှိပ်မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)