ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အ.လ.က(၁) ကျောင်းသို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မြဝတီ ဇူလိုင် ၂၂

မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းကို အမှတ်(၁)၊ အခြေခံပညာ အလယ်တန်းကျောင်း၌ ယနေ့ နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေနိုင်သည့် သုတ/ရသစာအုပ်၊ စာစောင်များကို လေ့လာဖတ်ရှုနိုင်ခြင်း၊ စာဖတ်သည့် အလေ့အထများ တိုးပွားလာစေနိုင်ခြင်း၊ မိမိဖတ်ရှုလိုသည့် စာအုပ်၊ စာစောင်များကို စာကြည့်တိုက်သို့ သွားရောက်၍ ရှာဖွေဖတ်ရှုတတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်သည်။

အဆိုပါ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ လေ့လာဖတ်ရှုနိုင်ရန် သုတ/ရသ စာအုပ် (၁၅၀)ကို သယ်ဆောင်၍ သွားရောက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး Grade(7) မှ ကျောင်းသား၊ ကျောင်းသူ (၇၀) ဦး လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)