အမြို့မြို့အနယ်နယ်သတင်းများ

Jul 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ခရိုင်အဆင့် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ အလုံလမ်း၊ ခရိုင်တရားရုံး၌  ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
Jul 24,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား UID Biometric Data များ ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို ယနေ့ နံနက် ၁၀ နာရီက အောင်လံမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jul 24,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် သွေးလွန်းတုပ်ကွေးရောဂါကာကွယ်နိုင်ရေးအတွက် ပုဂ္ဂလိကဆေးခန်းများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jul 24,2025
ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးသီးနှံမျိုးစေ့ထုတ်နှင့် စံပြစိုက်ခင်းများအတွက် မျိုးစေ့ချကိရိယာ၊ မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ပြုလုပ်သည်။
Jul 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ဒဂုံဆိပ်ကမ်းစက်မှုဇုန်၌ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာကိစ္စရပ်များနှင့် အလုပ်သမားများ၏ဥပဒေ ရပိုင်ခွင့်များဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းကို ဇူလိုင် ၂၁ ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 24,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများသည် နှစ်ရှည်သီးနှံပင်များကိုသာ အဓိကထားစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိစေရန် ငှက်ပျောပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
Jul 24,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Jul 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး စာကြည့်တိုက်ပညာသင်တန်း ကိုယမန်နေ့နံနက် (၁၀) နာရီအချိန်က ဖွင့်လှစ်သင်ကြားခဲ့သည်။