အမြို့မြို့အနယ်နယ်သတင်းများ

Jul 22,2025
ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံအကျဉ်းထောင်၌ အကျဉ်းသား၊ အကျဉ်းသူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 22,2025
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များအနေဖြင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် စာပေမှပေးသော အသိပညာဗဟုသုတများ ရရှိလာစေရန်အတွက် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာဖတ်ဝိုင်းဆွေးနွေးခြင်းကို ယနေ့နံနက်(၉)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jul 22,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့တွင် အမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်ရေး အသိပညာပေးလက်ကမ်းစာ‌စောင်ဖြန့်‌ဝေခြင်းနှင့် သရုပ်ပြသခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ပုံပါကျင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 22,2025
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဘားအံမြို့ လူငယ်စင်တာ စည်းအဝေးခန်းမတွင် ကျင်းပရာ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား ဆရာ၊ ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။
Jul 22,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် အာနန္ဒာဘုရားကြီးတောင်ဘက်နှင့် မြောက်ဘက်အာရုံခံ စောင်းတန်းနှစ်သွယ် ရွှေချလုပ်ငန်းတင်ဒါဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အာနန္ဒာဘုရားကြီး ဂေါပကအဖွဲ့ရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 22,2025
စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတန်းပေါင်းစုံဖူဆယ် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမတွင် ကျင်းပရာ ပါမောက္ခချုပ်ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
Jul 22,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို​ဒေသရှိ ဒေသခံများမှာ နှစ်တိုနှစ်ရှည် သီးနှံပင်အမျိုးမျိုးကို စိုက်ပျိုးလျက်ရှိကြရာ ထောပတ်ပင်များကိုလည်း စိုက်ပျိုးထားလျက်ရှိပြီး ဒေသထွက်ထောပတ်သီးများ ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
Jul 22,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.မ.က (သင်္ဂတုံ)တို့ ပူးပေါင်း၍  စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့ နံနက် ၁၀ နာရီအချိန်က သင်္ဂတုံကျေးရွာရှိ "ဘဝအလင်းသစ်" စာကြည့်တိုက်၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။