အမြို့မြို့အနယ်နယ်သတင်းများ

Oct 01,2025
မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုများကို အောက်တိုဘာ ၁ ရက်နံနက် ၁၁ နာရီခွဲက ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
Oct 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒပေးနိုင်‌ရန် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မအူပင်မြို့နယ်အတွင်း အသက် ၁၈ နှစ်အထက် မဲပေးနိုင်သူများအား ယနေ့နံနက်ပိုင်းက ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ကြေညာသည်။
Oct 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ အမှတ်(၁)ရပ်ကွက်ရှိ မြို့မဈေး မြောက်ဘက်စည်ပင်သာယာရေးအဖွဲ့ပိုင် (၉x၉)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ မြေစိုက်ဈေးဆိုင်ခန်းတွင် ယမန်နေ့ ည(၀၉:၁၅)နာရီအချိန်ခန့်က မီးလာင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
Oct 01,2025
ရှမ်းပြည်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် (၉) နာရီခွဲက တောင်ကြီးမြို့၊ လွယ်တော်ကျေးရွာအုပ်စု၊ နားဟစ်ကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
Oct 01,2025
၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ကျရောက်သည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များက ထူးချွန်စွာတာဝန်ထမ်းဆောင်ခဲ့ကြသော ရဲတပ်ဖွဲ့ဝင် များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။
Oct 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွေသောင်ယံမြို့တွင် ယမန်နေ့ နံနက်ပိုင်းက စတင်ကာ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအ​​​ထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား ရပ်ကွက်အတွင်း ဓမ္မာရုံများ၌ ကပ်ထားကြေညာရာ ပြည်သူများ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
Oct 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ခွင့်ရှိစေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများ ကို ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများ၌ ယမန်နေ့နံနက် ၇ နာရီအချိန်မှ စတင်၍ (ပထမ)အကြိမ်အဖြစ် တစ်ပြိုင်နက်တည်း ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
Oct 01,2025
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာပေးခြင်းကို မြို့ပေါ်ရပ်ကွက်(၆)ခုရှိ ကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံး (၃) ရုံး၌ စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်မှစတင်၍ ထုတ်ပြန်ကြေညာသည်။