အမြို့မြို့အနယ်နယ်သတင်းများ

May 11,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြည်သူ့အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ရပ်ကွက်၊ ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို မေ ၉ ရက်နေ့ နံနက်ပိုင်းက ဒေးဒရဲမြို့နယ်၊ တော်ကမယ်ကျေးရွာအုပ်စု၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
May 11,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ပြည်မြို့ ကုတင် (၁၀၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများအား လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးနှင့် ပြည်သူများ စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ်လျော့နည်းကျဆင်းစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၈ နာရီအချိန်က သဲကုန်းမြို့နယ်၊ အင်းမတိုက်နယ်ပြည်သူ့ဆေးရုံတွင် အထွေထွေရောဂါဝေဒနာခံစားနေရသော ပြည်သူများအား (အခမဲ့) ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။
May 11,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
May 11,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ ပို့ချဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 11,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ညောင်ပင်သာအုပ်စု၊ ညောင်ပင်သာကျေးရွာနေပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများနှင့် UID ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်ကစတင်ကာ ဆောင်ရွက်ပေးကြောင်း သိရသည်။
May 11,2026
မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်စာရေးဆရာအသင်း၏ မျက်နှာစုံညီအစည်းအဝေးနှင့် အမှုဆောင်ကော်မတီရွေးချယ်ပွဲကို မေ ၁၀ ရက် နံနက် ၉ နာရီက အမှတ်(၁)ရပ်ကွက်ရှိ ရသအောင်မြေစာကြည့်တိုက်၌ ကျင်းပသည်။
May 11,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ နိုင်ငံတော်မှ အပန်းဖြေလေ့လာရေးခရီးစဉ်အဖြစ်စေလွှတ်ခဲ့သော လူရည်ချွန်စခန်းများမှ ပြန်လည်ရောက်ရှိလာသည့် အခြေခံပညာ(အ-ထ-က)သရက်ချောင်းကျောင်းမှ Grade-9 ကျောင်းသား မောင်ဝေယံဖြိုးအား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက သရက်ချောင်း မြို့၊ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ ၌ ကျင်းပသည်။
May 11,2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ပြုလုပ်ပေးခြင်းကို မေလ ၁၁ ရက်၊ နံနက် ၁၁ နာရီက အဆိုပါဦးစီးဌာနရုံးတွင် ပြုလုပ်ပေးလျက်ရှိသည်။