အမြို့မြို့အနယ်နယ်သတင်းများ

May 11,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်အတွက် ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်‌ဝေ‌သော ကလေးအလုပ်သမားပပျောက်ရေး အသိပညာ‌ပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ‌‌မြို့‌ပေါ်ရှိ လူစည်ကားရာနေရာဖြစ်သော ကားဂိတ်၊ အိုးဝေဂိတ်နှင့် ဆိုင်ကယ်ကယ်ရီဂိတ်တို့တွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
May 11,2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြိုနယ်၊ ဒိတ်ကုန်းကျေးရွာအုပ်စု၊ သရက်ခြံကျေးရွာရှိ စိတ္တသုခကျောင်းတိုက်ကြီးတွင်တည်ထားကိုးကွယ်လျက်ရှိသည့်  ဇိနထွဋ်ခေါင်ရွှေမြင့်မိုရ်စေတီတော်မြတ် ရွှေထီးတော်၊ စိန်ဖူးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားကို မေလ(၁၀)ရက်နေ့၊  နံနက်ပိုင်းက အဆိုပါ ကျောင်းတိုက်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
May 11,2026
ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်တွင် သစ်ပင်ပျိုးပင်များကို သစ်တောဦးစီးဌာနတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ဖြန့်ဝေလျက်ရှိပါသည်။
May 11,2026
(၃၈) ဖြာမင်္ဂလာတရားတော်မြတ်များကို လိုက်နာကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ထန်းတပင်မြို့နယ်ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်း (YMBA) တို့ပူးပေါင်းဖွင့်လှစ်ခဲ့သည့် နွေရာသီ (၃၈) ဖြာမင်္ဂလာနှင့် အခြေခံယဥ်ကျေးလိမ္မာသင်တန်းဆင်းပွဲကို မေလ (၁၀) ရက်နေ့နံနက်ပိုင်းက လမုတန်းကြီးကျေးရွာအုပ်စု၊ လမုတန်းကြီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
May 11,2026
ရက် (၁၀၀) စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေး ခြင်းလုပ်ငန်းများနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက် (UID) ထုတ်ပေးခြင်းလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တက်သစ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့နံနက်ပိုင်းက ကျေးရွာနေပြည်သူများအား တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
May 11,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လိုက်လံစစ်ဆေးခြင်းများကို မြို့နယ်ဦးစီးမှူး ဦးကျော်ချမ်းငြိမ်း၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမြဝင်းနှင့် တပ်ဖွဲ့ဝင်များက ယနေ့နံနက်(၈)နာရီအချိန်တွင် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 11,2026
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
May 11,2026
မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်စွာမင်း ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများအား အဆင်သင့်ဆောင်ရွက်ထားရှိပြင်ဆင်မှုများကို ယနေ့နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌​ ဆောင်ရွက်ခဲ့သည်။