ကျိုက်မရောမြို့နယ်၌ မွန်စာပေသင်တန်းဆင်းပွဲကျင်းပ

ကျိုက်မရော မေ ၁၁

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် နွေရာသီကျောက်းပိတ်ရက်ရှည်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ငယ်စဥ်ကလေးဘဝမှစတင်ကာ တိုင်းရင်းသားစာပေဖြစ်သည့် မွန်စာပေ၊ မွန်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောတတ်ရေးတတ်စေရန်ရည်ရွယ်၍ အခြေခံမွန်စာပေသင်တန်းကို ဧပြီ ၁ ရက်မှစတင်ကာ ရက်ပေါင်း (၄၀) ထိ သင်ကြားပို့ချပေးခဲ့ပြီး ယမန်နေ့နံနက် (၉) နာရီအချိန်က မွန်စာပေသင်တန်းဆင်းပွဲကို ကျိုက်မရောမြို့ဘုရားကြီးဝင်းရှိ ကဇာတ်ရုံ၌ ကျင်းပခဲ့သည်။

အဆိုပါ မွန်စာပေသင်တန်းကို မွန်စာပေယဥ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကဦးဆောင်၍ မြို့နယ်ပညာရေးဌာနနှင့်ပူးပေါင်းကာ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းသို့ ကျိုက်မရော မြို့နယ်အတွင်းရှိ အေခြခံပညာကျောင်းများမှ မွန်တိုင်းရင်းသားလူမျိုးများနှင့် မြန်မာကျောင်းသား၊ ကျောင်းသူ စုစူပေါင်း (၈၀) ဦးတို့ တက်ရောက်သင်ယူခဲ့ကြပြီး မွန်စာပေယဥ်ကျေးမှုအဖွဲ့မှ သင်တန်းနည်းပြ ဆရာ၊ ဆရာမ (၄) ဦး၊ သင်တန်းကြီးကြပ် ဆရာတော် (၁) ပါးတို့က နေစဥ်နံနက် (၈) နာရီမှ ညနေ (၃) နာရီအထိ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ကျိုက်မရော (ပြန်/ဆက်)