ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန၌ နွေရာသီ အခြေခံအင်္ဂလိပ်စာ၊ ပန်းချီနှင့်စစ်တုရင် သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ညောင်ဦး မေ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီ အခြေခံအင်္ဂလိပ်စာ၊ ပန်းချီနှင့်စစ်တုရင်သင်တန်းဆင်းပွဲအခမ်းအနားကို မေ ၁၁ ရက် နံနက် ၁၀ နာရီက သင်တန်းဆင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

အခြေခံအင်္ဂလိပ်စာ၊ ပန်းချီနှင့်စစ်တုရင်သင်တန်းဆင်းပွဲအခမ်းအနားတွင် ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရည်မွန်သူက နွေရာသီကျောင်းပိတ်ချိန်မှစတင်၍ သင်တန်းများ နှစ်လခွဲကြာဖွင့်လှစ်သင်ကြားခဲ့ပြီးသင်တန်းများကို မပျက်မကွက်တက်ရောက်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ သင်တန်းတက်ကျောင်းသား၊ ကျောင်းသူများအား အငြီးမညူသင်ကြားပေးသည့် သင်တန်းဆရာများအားလည်း ကျေးဇူးတင်အမှာစကားပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်) ပုံပြင်ပြောပြိုင်ပွဲတွင် ဒုတိယ ဆုရရှိခဲ့သော ပြိုင်ပွဲဝင် Video Clip အားပြသည်။

ဆက်လက်၍ နွေရာသီသင်တန်းတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများဆုများ အသီးသီးပေးအပ်ချီးမြှင့်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးချုပ်မှပြုလုပ်သော ပုံပြင်ပြောပြိုင်ပွဲ ဒုတိယဆုရရှိသော မဟန်ဆုရှင်အား ဆုချီးမြှင့်ပေးအပ်ကာ သင်တန်းကို အခမဲ့ မေတ္တာဖြင့် သင်ကြားပေးသော သင်တန်းဆရာ၊ ဆရာမများအား ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း