အမြို့မြို့အနယ်နယ်သတင်းများ

May 11,2026
မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဆရာတော်ဘဒ္ဒန္တပညာသီဟအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ သရက်ကုန်းကျေးရွာ လောကရန်ကင်း ကျောင်းတိုက်၌ ယမန်နေ့နံနက်က ပြုလုပ်သည်။
May 11,2026
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဒေသတွင်း ဆန်စပါးဖူလုံပိုလျှံရေး၊ ဆည်ရေသောက်စနစ်ဖြင့် မိုးကြိုစပါးများ စိုက်ပျိုးလျက်ရှိရာ ပတ္တာကျေးရွာ တောင်သူဦးကြည်စိုး စိုက်ပျိုးထားသော ရွှေမနော် မိုးကြိုစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
May 11,2026
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့ အမှတ်(၃)ရပ်ကွက် နွားကျော်ဒရပ်၌ မြေအောက်ရေဖြင့် စိုက်ပျိုးထားသော ပြောင်းဖူးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
May 11,2026
တံတားဦးခရိုင် တံတားဦးမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးဆောင်ပြီး အစိုးရသစ်လက်ထက် ရက်(၁၀၀)စီမံချက်ဖြင့် တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာစွမ်းထက်အောင် နို့စားနွားမွေးမြူရေး သမဝါယမအသင်းအတွက် အစာစရိတ်ထောက်ပံ့ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အတွင်း၌ ကျင်းပကြောင်း သိရသည်။
May 11,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့် အလွယ်ကူဆုံး တုံ့ပြန်ဖြေရှင်းနိုင်ရန်နှင့် မီးဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာရုံးများသို့ ယနေ့နံနက် ၁၀ နာရီက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
May 11,2026
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးညီထွေးဦး ဦးဆောင်မှုဖြင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများအား အဆင်သင့် ဆောင်ရွက်ထားရှိပြင်ဆင်မှုများကို မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ယနေ့နံနက်ပိုင်းက ​ဆောင်ရွက်ခဲ့သည်။
May 11,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်း မွေးမြူရေးကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ကို လုပ်ငန်းစဉ်(၇)ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မေ ၉ ရက်နေ့(၉)နာရီအချိန်က ကျွဲနွားရောဂါကာကွယ်ဆေးထိုးပေးခြင်းနှင့် နွားမေထုန်မဲ့သားစပ်ပေးခြင်းတို့ကို ညောင်တောစုကျေးရွာအုပ်စုရှိ၊ သဗြုပင်ဆိပ်ကျေးရွာ၊ ကွမ်းသီးချောင်းနှင့် အုန်းပင်ကျေးရွာတို့၌ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သားတို့မှ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
May 11,2026
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့်ပူးပေါင်း၍ စာရေးဆရာ လယ်တွင်းသားစောချစ်၏ “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ” စာအုပ်ဖြင့် လူငယ်စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပသည်။