ရေတာရှည် မေ ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကွင်းကြီးကျေးရွာအုပ်စုနှင့်အမှတ် ၇၅ သံချပ်ကာတပ်တို့တွင် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အစိုးရအသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရေတာရှည်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက မြေပြင်အရောက် ကွင်းဆင်း၍ ကျေးရွာနေပြည်သူများအား အသက်(၁၀)နှစ်ပြည့်၊ (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်အသစ် ပြုလုပ်လိုသူများအား လိုအပ်သည့်အချက်အလက်၊ အထောက်အထားများဖြည့်စွက်ကာ စိစစ်ထုတ်ပေးခဲ့ပြီး ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)