ကော့မှူးမြို့နယ် ကျိုက်ထော်ကျေးရွာတွင် မသန့်ရှင်းသောအစားအသောက်များ ရောင်းချမှုမရှိစေရေး လိုက်လံစစ်ဆေး

ကော့မှူး မေ ၁၁

မသန့်ရှင်းသောရေနှင့် အစားအသောက်များမှတဆင့် ကူးစက်တက်သောရောဂါများ ဖြစ်ပွားမှုလျှော့ချရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ကျိုက်ထော်‌ကျေးရွာဈေးကြီး အတွင်း / အပြင်၌ အစားအသောက်ရောင်းချသောဆိုင်များအား လိုက်လံစစ်ဆေးနေကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် တွံတေးခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးနှင့်အဖွဲ့ဝင်များ၊ ကျိုက်‌ထော်ကျေးရွာမှ ကျန်းမာရေးဝန်ထမ်းများက မသန့်ရှင်းသောရေနှင့် အစားအသောက်မှ ကူးစက်တတ်သောရောဂါများ ကြိုတင်ကာကွယ်နိုင်ရန် အစားအသောက်ရောင်းချသော ဆိုင်များသန့်ရှင်းမှု ရှိ / မရှိစစ်ဆေးခြင်း၊ ကြွက်၊ ယင်၊ ပိုးဟပ်ကင်းစင်ရန် စီစဉ်ဆောင်ရွက်ထားမှု ရှိ၊ မရှိ သိုလှောင်သိမ်းဆည်း ပုံမှန်၊ မမှန် သန့်ရှင်းသပ်ရပ်စွာ ရောင်းချမှု ရှိ၊ မရှိ စသည့်တို့ကို လိုက်လံစစ်ဆေးနေကြောင်း သိရသည်။

ဆက်လက်၍ တွံတေးခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးနှင့် အဖွဲ့ဝင်များ၊ ကျေးရွာမှ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ကျိုက်ထော်ကျေးရွာအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ဖုန်း၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ လိုက်လံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)