အမြို့မြို့အနယ်နယ်သတင်းများ

May 11,2026
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အောက်ကွင်းကျေးရွာများ၌ ပန်းတိုင်သီးနှံများစိုက်ပျိုးနိုင်မှု အခြေပြုစစ်တမ်းကောက်ယူခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းတို့ကို ယမန်နေ့က မြို့နယ်အဆင့် ကွင်းဆင်းစိစစ်စာရင်းကောက်ယူရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
May 11,2026
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံစားသောက်ကုန်ထုတ်လုပ်မှု နည်းပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်  မွန်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးမင်းမျိုးမြင့်နိုင်မှ တက်ရောက်၍ သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အရည်အသွေးပြည့်မီသော ပြည်တွင်း MSME ထုတ်ကုန်များပေါ်ပေါက်လာစေရေးအတွက်ရည်ရွယ်၍ သင်တန်းများဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
May 11,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာတွင် ယနေ့နံနက် (၉) နာရီအချိန်၌ ဝန်ထမ်းစာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
May 11,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ လွယ်ကိုးကျေးရွာအုပ်စု၊ နောင်ဖန်ကျေးရွာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှတာဝန်ရှိသူများက တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ရေး ရက် (၁၀၀)ကာကယ်ဆေးထိုးစီမံချက် ကွင်းဆင်းဆောင်ရွက်လျက်ရှိပါသည်။
May 11,2026
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် အစားအသောက်နှင့် ဆေးဝါး ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး အစားအသာက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မှတာ၀န်ရှိသူများနှင့် အောင်လံ ခရိုင်နှင့်မြို့နယ် အစားအသောက်နှင့်‌ ‌ဆေး၀ါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့၀င်များနှင့် ပူးပေါင်း၍ အောင်လံမြို့စည်ပင်သာယာဈေးတွင် ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
May 11,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းရှိ မဒေးရေလှောင်တမံ ဆည်ရေသောက်ဧရိယာတွင် ပါဝင်သည့် ကျေးရွာများရှိ ဒေသခံတောင်သူများအနေဖြင့် သီးနှံစိုက်ပျိုးချိန် ရေလေလွင့်မှုမရှိစေရန်၊ စိုက်ပျိုးရေကို ပိုမိုအကျိုးရှိထိရောက်စွာ အသုံးချနိုင်စေရန်နှင့် စိုက်ပျိုးရေကို စိုက်ကွင်းများဆီသို့ အချိန်တိုအတွင်း လိုအပ်သော ရေပမာဏရရှိစေရန်အတွက် လယ်ကြားမြောင်းများတူးဖော်၍ စိုက်ပျိုးဆောင်ရွက်လျက်ရှိသည်။
May 11,2026
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ် ကျင်းပသည့် ၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားများဆုနှင့် အကောင်းဆုံး (အုပ်ချုပ်သူ/နည်းပြ) ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)၊ ကျိုက္ကဆံကွင်း၊ ပြည်ထောင်စုခန်းမတွင် ကျင်းပသည်။
May 11,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မီးဘေး၊ ငလျင်ဘေး၊ လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းကမြို့တွင်းလမ်းဆုံနေရာများ၊ စျေးများ၊ လူစည်ကားရာနေရာများ၊ ကျေးရွာလမ်းဆုံလမ်းဂွနေရာများ၌ ဆောင်ရွက်ခဲ့သည်။