သထုံ မေ ၁၁
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အောက်ကွင်းကျေးရွာများ၌ ပန်းတိုင်သီးနှံများစိုက်ပျိုးနိုင်မှု အခြေပြုစစ်တမ်းကောက်ယူခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းတို့ကို ယမန်နေ့က မြို့နယ်အဆင့် ကွင်းဆင်းစိစစ်စာရင်းကောက်ယူရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် အောက်ကွင်းကျေးရွာများဖြစ်သည့် အုတ်ဖိုချောင်၊ ဇိုက္ကရဲ၊ ထိန်ပင်၊ ဘူဒင်းချောင်၊ မရမ်းကုန်း၊ ဆိပ်ကျွန်း ကျေးရွာ ၆ ရွာတို့မှ တောင်သူများနှင့်တွေ့ဆုံကာ စိုက်ဧကမှန်ကန်စေရေး၊ ပန်းတိုင်သီးနှံအထွက်နှုန်းတိုးတက်စေရေးအတွက် အရေးကြီးသီးနှံအဖြစ် ပန်းတိုင်သတ်မှတ်ထားသော သီးနှံ (၁၃) မျိုးနှင့် ဆီထွက်သီးနှံပဲပုပ် စုစုပေါင်းသီးနှံ (၁၄) မျိုးတို့အတွက် စိုက်ဧကအမှန်စာရင်းနှင့် စိုက်ပျိုးရန်လျာထားဧကတို့ကို စစ်တမ်းကောက်ယူပြီး သက်ဆိုင်ရာဌာနများမှ တောင်သူများဖွံ့ဖြိုးတိုးတက်ရေး လိုအပ်သည်တို့ကိုဆွေးနွေးကြကာ တောင်သူတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)