အမြို့မြို့အနယ်နယ်သတင်းများ

May 12,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရက် (၁၀၀) စီမံချက်ဖြင့် ကျွဲ၊ နွားများတွင် အဖြစ်များတတ်သော ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် အခြေခံမွေးမြူရေးသင်တန်းကို ယမန်နေ့က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 11,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁၂ နာရီအချိန်က SCE ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 11,2026
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ထူးချွန်ထက်မြက်သည့် လူရည်ချွန်လေ့လာရေး အပန်းဖြေစခန်းများသို့ လေ့လာရေးခရီးစဥ် သွားရောက်ခဲ့ကြပြီး မေလ ၁၁ ရက်နေ့ နံနက် ၈ နာရီအချိန်က အုတ်တွင်းမြို့သို့ ပြန်လည်ရောက်ရှိလာရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး ဒေါ်ကြူကြူမာ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများက ပန်းကုံး၊ပန်းစည်းများနှင့် ဂုဏ်ပြုဆုငွေများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
May 11,2026
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သင်္ဃန်းကျွန်းခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 11,2026
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ရွာမအရှေ့ရပ်ကွက်၊ မင်းကြီးလမ်း၊ အင်းစိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးသင်တန်းဖွင့်ပွဲကို  ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
May 11,2026
ကရင်ပြည်နယ်အစိုးရအဖွဲ့၏  ခွင့်ပြုရန်ပုံငွေဖြင့်   တိုင်းရင်းသားအခွင့်အရေးများ     ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှကြီးမှူး ဖွင့်လှစ်သည့် အခြေခံစားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံက် ၈နာရီခွဲက လှိုင်းဘွဲမြို့နယ် ဒိုင်းပကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံခန်းမ၌ကျင်းပရာ ကရင်ပြည်နယ်မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမင်းမျိုးမြင့်နိုင် တက်ရောက်သည်။
May 11,2026
‎ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ စက်သုံးဆီအရောင်းဆိုင်များ၏ မီးဘေးလုံခြုံရေး ပိုမိုကောင်းမွန်လာစေရေးနှင့် ဝန်ထမ်းများ၏ မီးဘေးတုံ့ပြန်နိုင်စွမ်း မြင့်မားလာစေရန် ရည်ရွယ်၍ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ ဖွဲ့စည်းလေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ဆန်ဆိုင်း (ခ)ရပ်ကွက် မြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမတွင် ကျင်းပသည်။