၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားများဆုနှင့် အကောင်းဆုံး (အုပ်ချုပ်သူ/နည်းပြ) ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် မေ ၁၁

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ် ကျင်းပသည့် ၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားများဆုနှင့် အကောင်းဆုံး (အုပ်ချုပ်သူ/နည်းပြ) ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)၊ ကျိုက္ကဆံကွင်း၊ ပြည်ထောင်စုခန်းမတွင် ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံအားကစား မီဒီယာများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝဏ္ဏက ၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုများ ရွေးချယ်ခဲ့မှုအခြေအနေများ၊ မြန်မာနိုင်ငံအားကစားမီဒီယာများ အဖွဲ့ချုပ်၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက ၂၀၂၅ ခုနှစ် အတွက် အကောင်းဆုံးအားကစားသမား (အမျိုးသား/ အမျိုးသမီး)၊ အကောင်းဆုံး အုပ်ချုပ်သူ/ နည်းပြ ဆုရရှိခဲ့ကြသူများကို ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ကြသည်။

ထို့နောက် ကာယဗလအားကစားသမား မောင်ရဲထွန်းနောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)