အောင်လံ မေ ၁၁
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် အစားအသောက်နှင့် ဆေးဝါးဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး အစားအသာက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှတာ၀န်ရှိသူများနှင့် အောင်လံခရိုင်နှင့် မြို့နယ်အစားအသောက်နှင့် ဆေး၀ါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့၀င်များနှင့်ပူးပေါင်း၍ အောင်လံမြို့စည်ပင်သာယာဈေးတွင် ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆေးဆိုင်များ၊ ဈေးဆိုင်များအား ဈေးကွက်ထောက်လှမ်းစစ်ဆေးခြင်း၊ အစားအသောက် ဈေးကွက်နမူနာကောက်ယူ၍ ခွင့်မပြုဆိုးဆေးနှင့် ဓာတုပစ္စည်းများပါ၀င်မှု ရှိ/မရှိကို ရွေ့လျားဓာတ်ခွဲယာဉ် (Mobile Lab Van) ဖြင့် စစ်ဆေးခြင်းများ၊ အောင်လံမြို့အတွင်းရှိ သောက်ရေသန့်စက်ရုံများ၊ ပဲပြားထုတ်လုပ်သည့်စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)