အမြို့မြို့အနယ်နယ်သတင်းများ

May 11,2026
ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဦးစီးဖွင့်လှစ်သည့် အုတ်ကြွပ်အမိုးပြားထုတ်လုပ်ခြင်းနှင့် စက်ကိရိယာကိုင်တွယ်မောင်းနှင်အသုံးပြုနည်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ယန်းလောကျေးရွာအုပ်စု၊ ဟွမ်ဟကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည်။
May 11,2026
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID Card များ ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ဆောင်ရွက်ခဲ့သည်။
May 11,2026
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကလောမြို့နယ် ပျားမွေးမြူမှုဖွံ့ဖြိုးရေးတာဝန်ခံရုံးအနေဖြင့် ရက်(၁၀၀)စီမံချက်အတွင်း ပြည်သူတိုးချဲ့ပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီက ရှမ်းပြည်နယ်၊ တောင်ပိုင်း၊ ကလောမြို့နယ်၊‌ အောင်ပန်းမြို့၊‌ ရေချိုကျေးရွာအုပ်စု၊ ဇောတိဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့သည်။
May 11,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရန်အတွက် ကြီးကြပ်ရေးမှူးများရွေးချယ်ခြင်းကို မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော မြို့နယ်အကူအညီပေးရေးအဖွဲ့များက ယမန်နေ့စတင်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
May 11,2026
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အမှတ်(၆)ရပ်ကွက်ရှိ ဘိုချိုစာကြည့်တိုက် (၁၁)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် ပန်းချီနှင့်စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ဘိုချိုစာကြည့်တိုက်တွင် ကျင်းပခဲ့သည်။
May 11,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပန်းချီပိုစတာပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။
May 11,2026
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် မွန်ပြည်နယ်အစိုးရ အဖွဲ့၏ပံ့ပိုးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနလမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားလာ‌ရေး ညွှန်ကြားမှုဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဟိုတယ်ဆိုင်ရာ အိပ်ခန်းဆောင် ထိန်းသိမ်းရေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက Golden Bliss Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။