ရပ်စောက် မေ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ လွယ်ကိုးကျေးရွာအုပ်စု၊ နောင်ဖန်ကျေးရွာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှတာဝန်ရှိသူများက တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ရေး ရက် (၁၀၀)ကာကယ်ဆေးထိုးစီမံချက် ကွင်းဆင်းဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာမင်းဇော်ဦးဆောင်၍အဖွဲ့ဝင်များက လွယ်ကိုကျေးရွာအုပ်စု၊ နောင်ဖန်ကျေးရွာနှင့် ကန်တလတ်ကျေးရွာများအတွင်း ဒေသနွားတစ်နိုင်တစ်ပိုင်မွေးမြူသူ (၃၇) ဦးအားတွေ့ဆုံ၍ ရက်(၁၀၀)ကာကွယ်ဆေးထိုးစိမံချက်အကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ နွားမွေးမြူသူများအား ခြံဖျန်းပိုးသတ်ဆေးများပေးအပ်ခဲ့ပြီး ကာကွယ်ဆေးထိုးစီမံချက်အတိုင်း မွေးမြူထားသည့်ဒေသနွားအကောင်ရေ (၁၀၀) အား ပေါင်ပုပ်၊ လက်ပုပ်နှင့် လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်