Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မတ္တရာမြို့နယ်၌ အသက်နှစ်နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆက်လက်ဆောင်ရွက်
Oct 01,2025
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံတွင် အသက်နှစ်နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းများကို ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ အောက်တိုဘာ ၁ ရက် နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မတ္တရာမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ် ကြေညာထား
Oct 01,2025
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲရုံးများ၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့် ရှိသည့် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ ၃ဝ ရက်မှ စတင်၍ ပထမအကြိမ်အဖြစ် ကြေညာထားကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့တွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကျင်းပ
Oct 01,2025
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့တွင် ၆၁) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲကျော်သူခန်းမဆောင်၌ ကျင်းပသည်။ ဦးစွာ ပြင်ဦးလွင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲထူးက အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ခရိုင်အတွင်းရှိရဲစခန်းများမှ ကြိုးစားအားထုတ်မှု၊ မှုခင်းဖော်ထုတ် ဖမ်းဆီးရရှိမှု၊ ပြေးလေးပြေးဖော်ထုတ်ရရှိမှုစသည့် ဆုရရှိသည့် ရဲတပ်ဖွဲ့ဝင်များကို ဆုများပေးအပ်ချီးမြှင့်ကြသည်။
အပြည့်အစုံ ဖတ်ရန်
စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် စိုက်ပျိုးရေး ဦးစီးဌာနမှ ပညာရှင်ဝန်ထမ်းများအား နည်းပညာပိုင်းဆိုင်ရာများ အချိန်မရွေး မေးမြန်းဆွေးနွေးနိုင်
Oct 01,2025
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ်၌ ပြည်သူများအား အခြေခံစားသောက်ကုန်များကို အထူးသက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ
Oct 01,2025
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်း ဒေသကြီး ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ၊ ငါးများကို အထူးသက်သာသော ဈေးနှုန်းဖြင့် ရုံးဖွင့်ရက်များတွင်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၊ တက္ကသိုလ်ရပ်ကွက်၊ ၇၃ လမ်း၊ ၄၃ လမ်းထောင့် ၊ တက္ကသိုလ်လေ့ကျင့်ရေးရှေ့တွင် ရောင်းချသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့နယ်တွင် ဘေးအန္တရာယ်ကင်းရှင်းသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ ထုတ်လုပ်ခြင်းနည်းပညာပေး သင်တန်းဖွင့်
Oct 01,2025
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန (၁၀)မိုင် စိုက်ပျိုးရေး ဥယျာဉ်ခြံတွင် ဘေးအန္တရာယ်ကင်းရှင်းသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်များ ထုတ်လုပ်ခြင်းနည်းပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းကကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့တွင် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်း
Oct 01,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ကျေးရွာစာရေးဝန်ထမ်းများ၏ လုပ်ငန်းညှိနှိုင်းစည်းဝေးကို စက်တင်ဘာ ၃၀ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်နှင့်စဉ့်ကိုင်မြို့နယ်များ၌ စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချ
Oct 01,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်း အနေဖြင့် ပြည်သူများ၊ အခြေခံစားသောက်ကုန်များ ဝယ်ယူသုံးစွဲရာ၌ အထောက်အကူပြုစေရန်အတွက် စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာဖြင့် စဉ့်ဆက်မပြတ်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက တို့တွင် စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
291
Page
292
Page
293
Page
294
Current page
295
Page
296
Page
297
Page
298
Page
299
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department