အမြို့မြို့အနယ်နယ်သတင်းများ

May 11,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းက ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပခဲ့သည်။
May 11,2026
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လမ်းမတော်မြို့နယ်၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်၊ အမျိုးသားကြက်တောင်အားကစားခန်းမတွင် ကျင်းပသည်။
May 11,2026
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပွင့်လင်းရာသီ၌ မီးဘေးအန္တရာယ်ကင်း​ရှင်း​စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုအရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီ၌ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်ဇင်ဟိန်း ဦးဆောင်၍ မဲထော်သလေးကျေးရွာ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက် ခဲ့ကြသည်။
May 11,2026
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်မှ လူရည်ချွန်မောင်မယ် ကျောင်းသား/ကျောင်းသူများသည် လူရည်ချွန်စခန်းများသို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြပြီး ယနေ့ မွန်းတည့်(၁၂)နာရီက လေကြောင်းခရီးဖြင့် မြိတ်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ရာ မြိတ်လေဆိပ်၌ တနင်္သာရီတိုင်းဒေသကြီး ပညာရေးမှူး၊ တာဝန်ရှိသူများနှင့် ကျောင်းသားကျောင်းသူများ၊ မိဘအုပ်ထိန်းသူများက သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုကြသည်။
May 11,2026
ကယားပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ကယားပြည်နယ်လူငယ်ရေးရာကော်မတီ၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ပညာရေးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ်၊ နွေရာသီအဆင့်မြင့်အားကစား သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်အားကစားကွင်း ရုံအမှတ် (၃) ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
May 11,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပိုစတာပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။
May 11,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် ပန်းတိုင်သီးနှံနှင့်ဆီထွက်သီးနှံ ပဲပုပ်အပါ (၁၄) မျိုးနှင့်ပတ်သက်သည့် စိုက်ဧကနှင့်အထွက်နှုန်းမှန်ကန်စွာကောက်ယူနိုင်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ ပန်းတိုင်သီးနှံစိုက်ဧက မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ညနေပိုင်းတွင် အံ့စရာကျေးရွာနှင့် မင်းစားကျေးရွာများတွင် သွားရောက်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 11,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝေမောင်သည် ယနေ့နံနက်ပိုင်းက ရေစီးရေလာကောင်းမွန်ရေးနှင့် မိုးစပါးစိုက်ပျိုးနိုင်ရေး လယ်ရေသွင်းမြောင်းများ ရှင်းလင်းနေမှုအား တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုခဲ့သည်။