ကိုကိုးကျွန်းမြို့နယ်တွင် ဝန်ထမ်းစာဖတ်ဝိုင်း ပြုလုပ်

ကိုကိုးကျွန်း မေ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာတွင် ယနေ့နံနက် (၉) နာရီအချိန်၌ ဝန်ထမ်းစာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ မြို့နယ်ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်မှ ဝန်ထမ်းစာဖတ်ဝိုင်းပုံမှန်ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်နိုင်ရည်မြင့်မားလာစေရန်နှင့် မိမိဌာနလုပ်ငန်းများကို ကျွမ်းကျင်တတ်မြောက်စေရန် ပြုလုပ်နေခြင်းဖြစ်ကြောင်း မိမိတို့ဌာနသည် ပြည်သူကိုဗဟိုပြု၍ အဓိကလုပ်ဆောင်နေရသော ဌာနဖြစ်ပြီး ပြည်သူနှင့် အများဆုံးထိတွေ့ဆက်ဆံနေရသောကြောင့် ပြည်သူက အားကိုးရသောအရည်အချင်းပြည့်ဝသည့် ဝန်ထမ်းများဖြစ်နေစေရန်လိုကြောင်း ထို့ကြောင့် ယခုလို ဝန်ထမ်းစာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စာဖတ်ဝိုင်းတွင် စာရေးဆရာ (ဖေမြင့်) ရေးသားသော ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်းစာအုပ်ဖြင့် မြို့နယ်ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်မှ စတင်ဆွေးနွေးရာ တတ်ရောက်လာသည့်ဝန်ထမ်းများကလည်း ထိုစာအုပ်ပါ အခြားခေါင်းစဉ်များကိုပါ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်ဆက်)