အင်းစိန်မြို့နယ်တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးသင်တန်း ဖွင့်လှစ်

အင်းစိန် မေ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ရွာမအရှေ့ရပ်ကွက်၊ မင်းကြီးလမ်း၊ အင်းစိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးသင်တန်းဖွင့်ပွဲကို  ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ဦးစွာ အင်းစိန်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်က အဖွင့်အမှာစကားပြောကြားပြီ၊ အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဟိန်းက မှုခင်းပိုင်းဆိုင်ရာများ ပြောကြားခဲ့သည်။ ယင်းနောက် အမှတ်(၆)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(ရန်ကုန်)မှ ဒုတပ်ဖွဲ့စုမှူး ဒုရဲမှူးဝေလွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ အင်းစိန်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ရွာအခြေပြုအဖွဲ့များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား (၇၅)ဦး တက်ရောက်ခဲ့ပြီး အမှတ်(၆)လူကုန်ကူးမှုတားဆီးနှိမ်ရေးရဲတပ်ဖွဲ့စု(ရန်ကုန်)မှ တပ်ဖွဲ့ဝင်များမှ လူကုန်ကူးမှု တားဆီးနှိမ်နင်း‌ရေးနှင့် ပတ်သက်၍ လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများအား သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)